Zawgyi :
မနက်နိုးထဲက စိတ်ထဲတစ်ခုခုကိုအလိုမကျသလို မကြည်မလင်ဖြစ်နေတဲ့ jisoo ရဲ့ မနက်ခင်းဟာ တကယ်ကို စိတ်ရှုပ်ထွေးစရာပင်
" မမ ဘာဖြစ်နေတာလဲ "
ူတစ်ခုခုဖြစ်နေမှန်းသိသာစေလောက်တဲ့ထိ တည်တံ့နေတဲ့ jisoo ရဲ့မျက်နှာထားကို မနက်စာစားနေတဲ့ jennieကမြင်တော့ စိုးရိမ်စွာနဲ့မေးမိလိုက်သည်။
" မနက်ထဲက တစ်ခုပြီးတစ်ခုသေချာအဆင်မပြေသလိုဖြစ်နေတာ တကယ်စိတ်ရှုပ်စရာဖြစ်နေလို့ "
" ဖြစ်တတ်ပါတယ် သမီးရဲ့ စိတ်လေးကိုအေးအေးထား ဟုတ်ပြီလား "
" ဟုတ်ကဲ့မေမေ ဒါဆို သမီးသွားနှင့်တော့မယ် Jendeuk ရုံးနောက်မကျစေနဲ့ "
" ဟုတ် မမ "
'ခလွမ်'
စားပွဲခုန်ကထထချင်း ဖန်ခွက်ကို လက်နဲ့တိုက်မိသွားတာကြောင့် ဖန်ခွက်ကျကွဲသွားရသည်။" နေနေ သမီး အဒေါ်ကြီးရှင်းလိမ့်မယ် ရုံးနောက်ကျနေလိမ့်မယ်သွားတော့ "
" ဟုတ် မေမေ "
ကျကွဲသွားတဲ့ဖန်ကွဲစတွေကို Jisoo ကြည့်မိရင်း တစ်ခုခုတော့တစ်ခုခုပဲဆိုတဲ့ jisoo ရဲ့အတွေးကို jisoo တွေးမိသွားရင်း ကုမ္ပဏီကိုပဲထွက်လာခဲ့လိုက်သည်။
"Morning မမ "
ကုမ္ပဏီကိုရောက်ရောက်ချင်း အရင်ရောက်နှင့်နေတဲ့ လီဆာက jisoo ကိုမြင်မြင်ချင်းနှုတ်ဆက်လိုက်သည်။
" Morning လီဆာ ဒီနေ့စောတာပဲ "
" ဟုတ်တယ် မမ ဒီနေ့ အလုပ်များတယ်ဆိုပြီး ဌာနမှူးကခပ်စောစောလာခိုင်းထားလို့ "
" အော် အလုပ်လုပ်ရတာရောအဆင်ပြေရဲ့လား "
" ပြေတယ်မမ စီနီယာတွေက ကောင်းကောင်းသင်ပြပေးတယ် "
" သိပ်မကြာခင် ဖေဖေတို့ဦးလေးတို့က လီဆာနဲ့ Jendeuk ကိုလက်တွဲပြီးအလုပ်ခိုင်းတော့မှာ ကြိုးစားထား "
" ဟုတ် မမ "
လီဆာနဲ့ Jisoo လဲ နှုတ်ဆက်ပြီး ကိုယ့်အလုပ်ကိုယ်ပြန်လုပ်လိုက်ကြသည်။
__
'ဒေါက် ဒေါက်'" ၀င်ခဲ့ပါ "
" ဒါရိုက်တာကြီး ရှာခိုင်းထားတဲ့ အရင်လရဲ့ရှယ်ယာအတတ်အကျနဲ့ အမြတ်ငွေ စာရင်းပေါင်းချုပ်ပါ "
YOU ARE READING
Precious
RomanceUnicode : တန်ဖိုးအကြီးဆုံးလို့ဆိုရလောက်အောင် ငွေကြေးနဲ့ တိုင်းတာလို့မရတဲ့အထိ တန်ဖိုးရှိတဲ့ဖြစ်တည်မှုမျိုး.... Zawgyi : တန်ဖိုးအကြီးဆုံးလို့ဆိုရလောက်အောင် ငွေကြေးနဲ့ တိုင်းတာလို့မရတဲ့အထိ တန်ဖိုးရှိတဲ့ဖြစ်တည်မှုမျိုး....