Tik Ti Too (Chapter 2)

69 3 0
                                    

"ကျွီ"

ရုတ်တရက် အခန်းတံခါးတို့ ပွင့်ဟသွားသည်နှင့် တပြိုင်နက်

"Sky ပြန်လာတာ မြန်လှချည်လား"

"ဟုတ်တယ် နှောင်း၊ ရိုက်ကူးရေးက နောက်ဆုတ်သွားလို့ ညမှ ပြန်သွားရမယ်။ အဲဒါကြောင့် ဒီဘက်ကအင်တာဗျူး မှီလို မှီငြား ပြန်လာတာ"

နှောင်း၏ အမေးကို နှစ်လိုဖွယ်ကောင်းသော ပါးချိုင်းကလေးများ အထင်းသားထင်တဲ့အထိပေါ်အောင် ပြုံးပြလိုက်ရင်း ပြန်ဖြေလိုက်တာက ထက်ကောင်းကင် (ခေါ်) Sky။ မျက်ဝန်းနက်နက်တွေမှာ နှစ်လိုဖွယ်အတိ။

Sky  ဆိုသည်မှာ အဲသည်လို လူစားမျိုးပါ။ မာန်မာန မရှိ၊ ဒေါသမရှိ၊ ဥပတိရုပ်မှာ ပကတိ ကြည်လင်ရှင်းသန့်လျက် နူးညံ့မှုများနှင့် ပြည့်နေသည်။ အလုပ်ကြိုးစားသည်။ အချိန်လေးစားသည်။ သူ၏ ဝါသနာအတိုင်း သီချင်းဆိုနေရလျှင် ပြီးရော အောင်မြင်ကျော်ကြားမှုတို့ကို သိပ် ဂရုမစိုက်တတ်။ ဂီတကို အသက်ထက် ပိုခုံမင်သည်။

အခုလည်းကြည့် အစောကတည်းက schedule ချထားပြီးသား project ကြီးတစ်ခုဟာ ကြိုတင်အသိပေးခြင်းမရှိပဲ အချိန်ရွှေ့လိုက်ခြင်းအားလည်း ဘယ်လိုမှ မနေ။ သူ၏ ထုံးစံအတိုင်း အကောင်းဘက်ကတွေး၍ နားလည်ပေးခဲ့မှာပေါ့။ စိတ်ကသိကအောင့် ဖြစ်နေပုံတောင် မပေါ်။

Sky နေရာမှာသာ Lord သာဆိုလျှင် မည်သို့ ဖြစ်မည်နည်းဟု စဉ်းစားမိသည်။ စစခြင်းမှာ ရင်ထဲက မပါသည့် အပြုံးတစ်ခုဖြင့် တုန့်ပြန်လိမ့်မည်။ Lord ၏ image တော့ အပျက်ခံမည်မဟုတ်။ ထို့နောက်မှသာ ကွယ်ရာတွင်အကြီးအကျယ် ပေါက်ကွဲလိမ့်မည်။ သူလို လူမျိုးကို မလေးစားတာလားဟုဆိုတာ သူ့ မန်နေဂျာများကို သောင်းကျန်လိမ့်မည်။ ထို့နောက် ငြင်းမရသော အကြောင်းပြချက် တစ်ခုခုပေးကာ ထပ်မံချိန်းဆိုသော schedule အားဖျက်ခိုင်းပါလိမ့်မည်။

အမြဲ တစ်ဇွတ်ထိုးဆန်ကာ အတ္တကြီးသော Lord ၏အပြုအမူများနှင့် နေသားကျနေပြီးသားဖြစ်သည့် နှောင်း ဟာsky ကို မြင်မြင်ချင်း သဘောကျမိသည်။ Sky ၏ အေးဆေးတည်ငြိမ်သော၊ နူးညံ့ပျော့ပျောင်းသော၊ တစ်ဖက်သားအပေါ် အမြဲဦးစားပေးတတ်သော အပြုအမူများက နှောင်းကို ရင်ခုန်စေသည်။  Sky သည်လည်း ဖွင့်မပြောသေးတာပဲရှိတာပါ။ နှောင်းကို သဘောကျနေမှန်း နှောင်းရိပ်မိနေခဲ့ပါသည်။

Tik Ti TooWhere stories live. Discover now