Tik Ti Too (Chapter 6)

44 3 0
                                    

"ယောက်ဖတို့ ဒီည လှုပ်ရှားဖို့ အကုန်ပြင်ဆင်ပြီးပြီလား၊ သောက်တလွဲဖြစ်လို့မရဘူးနော်"

လာပြီ။ စောက်ဆရာကြီးလေသံနဲ့ စောက်ဂျပု။ သူဖြင့်ဘာမှမလုပ် ရွာထဲက အဘစိန်သောင်းအိမ်မယ် ကလေးတွေနဲ့ရောပြီး ညလုံးပေါက် ရုပ်ရှင် ၃ ကားဆက်တိုက်ကြည့်ပြီးမှ ပြန်ရောက်လာပြီးများ။

"အားလုံး အဆင်သင့်ပဲ မအေဘေးလေး။ ညနေ ထွက်မယ်။ ဟိုဘက် စခန်းကကောင်တွေကိုလဲ အကုန်စီစဉ်ခိုင်းထားတယ်"

"အေးကောင်းတယ်..... ဒီတစ်ခါတော့ အချီကြီးရကွာ။ မင်းတို့ ဘုရားရှိခိုးခဲ့ကြ"

သူများပစ္စည်း ဓားပြတိုက်ရဖို့အရေး ဘုရားတောင် ကြိုရှိခိုးထားရဦးမတဲ့။ ငတူးတို့ တွေးခေါ်လိုက်မှဖြင့် သောက်တလွဲကြီးတွေ။

"နီတာနဲ့ ငတူးက အရင်သွားနှင့်ပြီး ဟိုဘက်မှာ စစ်ဆေးစရာရှိတာတွေ အရင်လုပ်ထား။ ငါက နေစောင်းရင် လိုက်ခဲ့မယ်"

ဘခက်၏ စကားကို ငတူးက အသိအမှတ်ပြုယုံမျှ ခေါင်းငြိမ့်ပြလိုက်ပြီးတာနှင့် တအားပင်ပန်းလာသည့်အထှာဖမ်းကာ ကွပ်ပျစ်ပေါ်တွင် ထိုးအိပ်တော့သည်။ အစီအစဉ်တွေတော့ ခေါင်းထဲမှာတော့ သိပ်မရှိလှ။ စီစဉ်တာတွေ လမ်းကြောင်းဆွဲတာတွေက သူ့အပိုင်းမဟုတ်။ မင်းသားတို့မည်သည် တကယ့်အချိန်ကောင်းမှ ပွဲထွက်ကြသည် မဟုတ်ပါလား။

................................................................

"အကိုလေး ညသွားဖို့ အကုန် အဆင်သင့်ဖြစ်ပါပြီ။ ကျွန်တော်တို့ ၆ နာရီလောက် ထွက်မလားလို့"

"အေး မနေ့က ဂျာကြီးထည့်ပေးထားတဲ့ လိုအပ်တာတွေယူပြီးရင် မင်းငါ့ကို shooting အိမ်မှာ လာခေါ်လိုက်။ အဲကနေပဲ တန်းသွားလိုက်မယ်။"

ဒီနေ့ည Lord တစ်ယောက် ပုဂံသွားရမှာဖြစ်သော်လည်း ဖုန်း ကြော်ညာတစ်ခု လတ်စသတ်ရိုက်ကူးရန်အတွက်shooting သို့ ရောက်နေရခြင်းဖြစ်သည်။ Monsters အဖွဲ့ဝင်တွေ စုံစုံလင်လင် ရှိလှသောကြောင့် ပျော်စရာလည်းကောင်းသလို၊ အခုလို brand ကြီးကြီး တစ်ခုက သူတို့အား နေရာပေးကာ အတူအလုပ်တွဲလုပ်သည်ကြောင့်လည်းဂုဏ်ယူရသည်။

Tik Ti TooWhere stories live. Discover now