part - 4 ( Cigarettes )

252 47 0
                                    

[Unicode]

" ငါမွန်းကျပ်လို့
အထဲကို အခုမ၀င်ချင်သေးဘူး။ "

" ဒါပေမဲ့ လော်လောင်ရှီး... "

ချန်ဖေးယွီက စိတ်ပူ၍ အထဲ၀င်ခိုင်းစေချင်ပေမဲ့ လော်ယွင်ရှီးက ပေကပ်ပြီးသာ အပြင်မှာ နေနေသည်။

" ကျေးဇူးပြုပြီး.. Arthur..
ငါပြန်နိုးထလာပြီးတည်းက အချိန်အများစုကို  အဲအိပ်ရာအပေါ်မှာဘဲ အမြဲကုန်ဆုံးခဲ့ရတာ။  ခဏလောက်လေးတော့ လူတစ်ယောက်လိုမျိုး နေလိုက်အုံးမယ်။ "

လော်ယွင်ရှီးသည် အိပ်ခန်းထဲသို့ မ၀င်ရအောင် အပေါက်၀ နားမှာ ချန်ဖေးယွီတွဲပို့နေသည်ကို ခြေစုံကန် ငြင်းဆိုခဲ့သည်။

" လူတစ်ယောက်လို... "

လော်ယွင်ရှီးပြောလိုက်သည့် စကားက ဘာရယ်မဟုတ်ဘဲ ချန်ဖေးယွီ၏စိတ်ကိုတော့ အနည်းငယ်ထိသွားစေကာ ဆွဲထားသည့် လက်တွေကို ပြေလျော့စေသည်။

လူတစ်ယောက်လို နေရတာမျိုးလား...?
သက်ရှိလူသားအဖြစ် ဒီတိုးတက်နေတဲ့ကမ္ဘာကြီး နေပျော်တဲ့ ဇိမ်ခံပစ္စည်းတွေ၊ ပျော်စရာတွေ ပေါသည့် လောကကြီး မှာ မွေးဖွားလာခဲ့ပေမဲ့ လူတန်းစေ့ မနေနိုင်ရတဲ့သူတွေ၊ လူတန်းစေ့ သုခကိုခံစားနေနိုင်ပေမဲ့ နေခွင့်မရတဲ့သူတွေ၊ အာရုံငါးပါးကို မခံစားနိုင်တဲ့သူ တွေရှိကြတာဘဲ။

" အဲတာဆိုရင်လည်း ကျွန်တော်တို့ အပြင်မှာ ခဏထိုင်ကြတာပေါ့။ လော်လောင်ရှီး "

ချန်ဖေးယွီသည် မလိုက်ချင်တဲ့သူကို အတင်းမခေါ်ချင် တာကြောင့် အပြင် လသာဆောင်ကို သွားရာ မှန်တံခါးကို ဖွင့်ပြီး လသာဆောင်ကို ခေါ်လာသည်။

အပြင်ရှိ  ဆိုဖာကြီး ပေါ်မှာ သူတို့ထိုင်နေကြရင်း ချန်ဖေးယွီသည် အကြောင်းမဲ့ ကောင်းကင်ပေါ်က လမင်းကြီးကိုသာ မော့၍ ငေးကြည့်နေသည်။

" Arthur... "

" ပြောလေ.. လော်လောင်ရှီး "

ဘေးကို လှည့်ကြည့်လိုက်တော့ လော်ယွင်ရှီးသည် မီးမညှိရသေးသည့် စီးကရက် တစ်လိပ်ကို သူ့နှုတ်ခမ်းမှာ တေ့ပြီး သူ့ဘက်ကို မီးခြစ်အား ကမ်းပေးနေသည်။

𝘽𝙡𝙞𝙣𝙙 𝘿𝙖𝙩𝙚Where stories live. Discover now