Part - 27 ( I will leave you )

98 10 3
                                    

Victoria မြို့ဆီကို သွားနေသည့် ကိုယ်ပိုင် လေယာဉ် တစ်စင်း။ ထိုလေယာဉ်က ပြောစရာမလိုအောင် ချန်ယွီအန် တို့၏ လေယာဉ်ဘဲဖြစ်သည်။ ထိုလေယာဉ်ပေါ်၌ ချန်ယွီအန် တို့ သားအမိနှစ်ယောက်အပြင် Helena နှင့် Thédoreတို့နှစ်ယောက်လည်း အတူလိုက်ပါလာခဲ့သည်။

" ဟေ..... ကော်ဖီ.... "

" ကျေးဇူး... "

စိတ်ရော လူပါ မော၍ အကုန်လုံးသည် ခြေကုန်လက်ပန်း ကျသည်။ သို့သော် ပင်ပန်းနေပုံပေါ် ပေမဲ့ မင်္ဂလာဆောင် အခွေထဲက ဖေးယွီတို့နားကိုသာ မကြာခဏ ပြန်ရစ်ကြည့်နေ သည့် ချန်ယွီအန် အား Helena က ကော်ဖီတစ်ခွက်ကို ကမ်းပေးသည်။

လေယာဉ်ပေါ်၌ လူ သိပ်မပါ‌သည့်အပြင် အိပ်ဆေးအရှိန် ကြောင့် ချန်ဟုန်က အိပ်ပျော်ကာ စကားပြောခြင်း စိတ်တွေ လည်း မရှိတာကြောင့် နှစ်ယောက် တိတ်တိတ်သာ နေနေ ကြသည်။

ချန်ယွီအန်သည် သူ၏ ညီငယ်လေး၏ ပုံရိပ်တွေကိုသာ လွမ်းမောနှစ်သက်စွာ ကြည့်နေသည်။ သူ၏ ညီငယ်လေး ‌ နောက်ဆုံးတော့ အချစ်စစ်ကို ရှာတွေ့သွားခဲ့ပြီ‌ပေါ့ ကိုယ့်ချစ်ရသူရဲ့ဘေးမှာ နေရတာက အဲလောက်တောင်မှ ပျော်စရာကောင်းသည်ထင်၏။ အပြုံးတွေက ကောင်းကင်ထက် ကြယ်ပွင့်တွေလိုပင် တဖြတ်ဖြတ် တောက်ပနေသည်။

" သူ ဒီလိုမျိုး ပျော်နေတာ ကျွန်တော့်ဘ၀မှာ
တစ်ခါမှ မမြင်ဖူးဘူး။ "

" ကျွန်မရောဘဲ.. "

Helena သည် အငွေ့တထောင်းထောင်းထနေသည့် ကော်ဖီခွက်အား ငေးမောရင်း ဝေဝါးစွာ ပြောလာသည်။

" ယွင်ရှီး အခုလိုမျိုး ပြုံးပျော်နေတာကို မြင်ရတာ ပထမဆုံးဘဲ။ ကျွန်မကိုတောင် အဲလိုမျိုး မပြုံးပြဖူးဘူး။ "

" သူက... အဲ့လော်ယွင်ရှီးက ဘယ်လိုမျိူးလဲ ? "

"သူလား... ? တကယ်တော်ပြီး ထူးချွန်တဲ့ လူတစ်ယောက်ပါ။ ဒါပေမဲ့ အရမ်းလည်း အတွေးလွန် တဲ့သူမျိူး။ ဒါကြောင်ါ အမြဲတမ်း ကြိုးစားနေပြီး
ထားခဲ့ခံရမှာ ၊အထီးကျန်မှာကို ကြောက်နေတဲ့ လူတစ်ယောက်လေ။ "

ဒါပေမဲ့ မင်းသူကို ထားခဲ့တယ်ဆိုသော အတွေးကို ချန်ယွီအန် နှုတ်မှ ဖွင့်ထုတ်မပြော‌ခဲ့ပါ။ ဘာလို့လဲမေးရရင် အရှေ့က Helena ၏ မျက်၀န်းတွေထဲမှာ နာကျင်မှုတွေနှင့် မိမိကိုယ်ကို အပြစ်တင်စိတ်တွေကို ရှင်းလင်းစွာ တွေ့မြင်နေရသည်။

𝘽𝙡𝙞𝙣𝙙 𝘿𝙖𝙩𝙚Where stories live. Discover now