Part 20 [ Liar ]

99 16 2
                                    

Unicode

ဆရာ၀န်ဆိုသည့်သူက လာဖို့ပြောသွားသည်မှာ ငါးရက် တောင်ကြာသွားပြီဖြစ်သည်။ ချန်ဖေးယွီကတော့ သွားဖို့၊ မသွားဖို့ကို အခုထိ တွေဝေနေဆဲ။ တွေဝေနေရသည်က အဖြစ်မှန်ကို မရင်ဆိုင်ရဲ၍ မဟုတ်ဘဲ သူသွားနေချိန် လော်လောင်ရှီးအား မည်သူနှင့် ထားခဲ့ရမှန်း မသိတာကြောင့် ဖြစ်သည်။ ဘယ်သူက သူသွားနေချိန်၌ ဆံချည်မျှင် လေးတောင် မထိခိုက်နိုင်အောင် စောင့်ရှောက်ထားမလဲ ?

သူနေမကောင်းဖြစ်တည်းက လော်လောင်ရှီးသည် လမ်းလျှောက်တုတ်ဖြင့် ကိုယ်ဘာသာ အခန်းတွင်းမှာ သွားနေသည်။ သူတို့နှစ်ယောက်လည်း အခုမှ အတိုးချ အနားယူသလို အစားအသောက်ကိုတောင် room serviceယူ၍ အခန်းတွင်းအောင်းနေကြသည်။သူကိုယ်တိုင်လည်း လမ်းများများ လျှောက်လျှင် အသက်ရှူမ၀ကာ နှလုံးက အရင်ကထက် ပို၍ စူးခနဲ့ အောင့်တတ်လာတတ်တာကြောင့် အိပ်ရာထဲ၌သာ ခွေခေါက်နေသည်။

ဝေဒနာသက်သာဖို့ ဆေးသောက်ရန်လိုသော်လည်း အသောက်များတာကြောင့် လွန်ခဲ့သည့် နှစ်ရက်၌ ကုန် သွားသည်။ ဆေးစာပါပေမဲ့ တစ်ယောက်တည်း မထား ခဲ့ချင်တာကြောင့် ဆေးကို ထွက်မ၀ယ်ဖြစ်။ သူ့အမေ၏ မူလအစီအစဉ်သည် သူကို NYC Hospitalမှ London Hospitalသို့  ပြောင်းရွေ့မည်ဖြစ်တာကြောင့် ဆေးတွေကို ဖြတ်ထားသည်။ ဒါကြောင့် သူထွက်လာစဉ် ဆေးတွေက အများအစား မပါခဲ့။

မနက်မိုးလင်း မျက်နှာသစ်၍ မှန်သို့ ကြည့်လိုက် သည့် အခါတိုင်း သူပုံရိပ်လေးက ပိုပြီး ပါးလွှာသွားကာ မကြာခင် ပျောက်ကွယ်တော့မည့် ဆီစိမ်စက္ကူတစ်ရွက်လိုပင်။နှုတ်ခမ်းတွေက ခြောက်ကပ်ဖြူစုတ်၍ အဖတ်တွေတောင် ကွာနေသည်။ အရင်လို ချစ်စရာကောင်လေးမဟုတ်တော့ဘဲ
လူမမာသည်ရုပ်ပိုပြီး ပေါ်လာသည်။

ရုတ်တရက် အသက်ရူမ၀တာတွေကလည်း မကြာခဏ ဆက်တိုက်ဖြစ်၍ လာသည်။ သူကိုယ်တွင်းက ကောင်းသည့် အစိတ်အပိုင်းကျန်သေးလားဆိုတာတောင် မေးခွန်းထုတ် စရာဖြစ်သည်။ အဆိုးထဲမှ အကောင်းကတော့ ဆရာ၀န်၏ တပည့် ၀ယ်လာပေးသည့် oxygen tankက သူအတွက် လုံလောက်နေသေးသည်။ ဒါပေမဲ့ ဒီဟာကလည်း ညနေဆိုရင် ကုန်တော့မည့် အခြေအနေရှိသည်။

𝘽𝙡𝙞𝙣𝙙 𝘿𝙖𝙩𝙚Where stories live. Discover now