Chapter_12

15K 1.5K 23
                                    

[  Zawgyi  ]

အလုပ်နားချိန်လေးတစ်ဖြတ်မို့
ရှောင်းကျန့် နားတဲ့နေရာလေးမှာ
ခဏထိုင်နေလိုက်တယ်။

ရိပေါ်ရဲ့မွေးနေ့ပြီးကတည်းက
ရှောင်းကျန့်တော်တော်လေးနေမကောင်း
ုဖြစ်သွားတယ်။

မရင်းနှီးတဲ့ ရိပေါ်ရဲ့Pheromones
ကြောင့် တစ်ရက်လောက်တော့နေရခက်
ပြီးဖျားသွားတယ်။

နေပြန်ကောင်းတော့ ရှောင်းကျန့်အလုပ်
ပြန်ဆင်းရတော့တယ်။ယွီပင်းကို သူအား
နာလွန်းလို့ မျက်နှာချင်းဆိုင်ဖို့တောင်
ခက်ခဲတယ်။

ယွီပင်းကတော့ ဘာမှမသိပုံရတယ်။
ခါတိုင်းလို အေးအေးဆေးဆေးပဲ။

အခုရက်ပိုင်းရိပေါ်က သူ့ကိုလာပြီး
မနှောက်ယှက်တာမို့ နေရတာအဆင်
ပြေနေတယ်။

ကျောင်းကလဲ ပိတ်ထားတာမို့ တွေ့
စရာအကြောင်းလဲမရှိ။ အလုပ်တွေကို
သာပတ်ပြီးလုပ်နေလိုက်တယ်။

ပင်ပန်းပေမဲ့ငွေရတယ်လေ။

လက်ထဲက အချိုရည်ဗူးလေးကိုကိုင်
ကာမော့သောက်လိုက်တယ်။

မောနေတာမို့ အနည်းငယ်ချဉ်တဲ့အချို
ရည်အရသာက အမောပြေစေတယ်။

"ရှောင်းကျန့်"

ခေါ်သံနဲ့အတူအနားရောက်လာတဲ့
ယွီပင်းကြောင့် ရှောင်းကျန့်လှည့်ကြည့်
လိုက်တယ်။

ယွီပင်းကပြုံးပြီး သူ့ဘေးနားကခုံမှာ
ဝင်ထိုင်တယ်။

"နေမကောင်းဘူးလား..အဖျားမပြတ်
သေးဘူးလား"

"ကောင်းပါတယ်..နည်းနည်းပင်ပန်းလို့
ပါ"

"ဂရုစိုက်ဦး..အလုပ်တွေကိုပဲလုပ်မနေနဲ့"

ယွီပင်းရဲ့ ဂရုဏာသက်တဲ့အသံလေး
ကြောင့် သူပိုပြီးအပြစ်ရှိသလိုခံစားလာ
ရတယ်။

သူ့အပေါ်မှာကောင်းလွန်းတဲ့ လူကို
သစ္စာဖောက်မိသလိုဖြစ်နေပြီလား။

ယွီပင်းကိုသူဘယ်လိုဖြေရှင်းရမလဲ။
ဒီအတိုင်းပဲနေရမလား။

စိတ်ထဲ မလုံမလဲ မသိုးမသန့်ဖြစ်
လာတယ်။ရှောင်းကျန့် မျက်နှာကိုတောင်
မမော့ဝံ့တော့ဘဲ ခေါင်းသာငုံ့နေလိုက်
တယ်။

Mr.WangWhere stories live. Discover now