[ Zawgyi ]
ဒေါက်! ဒေါက်!အခန်းတံခါးခေါက်သံကြောင့် ရိကျန့် ဂိမ်းဆော့နေရင်း ရပ်လိုက်တယ်။ လက်ထဲက ဖုန်းကိုချလိုက်ပြီးမွေ့ရာပေါ်ကနေဆင်းပြီး အခန်းတံခါးသွားဖွင့်လိုက်တယ်။
"ပါးပါး"
"ရိကျန့် ဘာလုပ်နေတာလဲ"
ရှောင်းကျန့်က အခန်းထဲဝင်လာရင်းမေးတယ်။ဒီကောင်လေးကအခန်းထဲမှာပဲ နေနေတာ အပြင်တောင်ထွက်မလာဘူး။
"ဂိမ်းဆော့နေတာ"
"စာလုပ်ဦးလေ ၊ စာဖြေရတော့မှာကို"
"အနားနီးမှကောက်လုပ်လဲ ရတာကို"
ရိကျန့်ရဲ့ စကားကြောင့် ရှောင်းကျန့်သက်ပြင်းချလိုက်တယ်။ မွေ့ရာပေါ်မှာ ပက်လက်လှဲပြီး လက်နှစ်ဖက်ကိုခွေရင်းခေါင်းအုံးနေတဲ့ ရိကျန့်က တကယ်အဆိုးလေးပဲ။ အလယ်တန်းနောက်ဆုံးနှစ်တောင်ရောက်နေပြီ အခုထိကလေးလေးလိုကောက်နေတုန်းပဲ။
" ရိကျန့်ကလဲ အနားနီးမှာစာကျက်ရင်သေချာဘယ်မှတ်မိမလဲ"
"ရပါတယ်ပါးပါးရာ ၊ ကျွန်တော်က ဉာဏ်ကောင်ပြီးသား"
အဆိုးလေးရဲ့ စကားကြောင့်ရှောင်းကျန့်ခေါင်းခါရင်းပြုံးမိတယ်။ပြီးတော့ ရိကျန့်ရဲ့ဘေးနားကိုသွားပြီး မွေ့ရာပေါ်မှာထိုင်လိုက်တယ်။ အအိခနဲ့ မွေ့ရာလေးက တော်တော်လေးနူးညံ့တယ်။
"အဆိုးလေး "
ဘေးနားမှာ ပက်လက်လှဲနေတဲ့ ရိကျန့်ရဲ့ ပါးလေးကို အသာဖျစ်ရင်း ချစ်စနိုးနဲ့ခေါ်လိုက်တယ်။ရိကျန့်ကလေးက အသက်သာကြီးသွားပေမဲ့ကလေးလေးလိုပဲ။ ပါးလေးကလဲ ဖောင်းပြီး အိစိအိစိလေး၊ ရိပေါ်နဲ့တော်တော်လေးကိုတူတယ်။
" ကျွန်တော်ကမဆိုးပါဘူး"
"မဆိုးဘူးဟုတ်လား ၊ အဲ့တာဆို ဘာလို့အောက်ထပ်ကိုမဆင်းဘဲ အခန်းထဲမှာနေလဲ"
"--------"
"ထုထုလေးက ပြန်လာတော့မှာ ၊ ဘာလို့ဒယ်ဒယ်နဲ့ အတူသွားမကြိုတာလဲ ၊ အခုလဲ အောက်ထပ်ကိုဆင်းပြီးမစောင့်ဘူး"
ရှောင်းကျန့်က ပြောရင်းနဲ့ရိကျန့်ရဲ့ခေါင်းလေးကို ပွတ်သပ်နေတယ်။ ဒီကောင်လေးကစိတ်ကောက်တတ်တယ်။ ထုထလေးက စာဖြေခါနီးတော့ အိမ်ကိုတော်ရုံမပြန်တော့ဘူး။