သိပ်တော့ မမှတ်မိပေမယ့် ဝမ် လေးနှစ်သမီးအရွယ်လောက်ကထင်တယ်
ဧည့်ခန်းထဲမှာ ဘွားဘွားရယ် မေမေရယ် တိုးတိုးတိတ်တိတ် ပြောနေတဲ့ စကားသံ
တွေကို ဝမ် မသဲမကွဲကြားရတယ်
သိပ်သေချာမသိပေမယ့် ဖေဖေ့အကြောင်းပြောနေတာထင်တာပဲပြီးတော့ ဖေဖေ့ကို ဝမ်မတွေ့ရတာ
ငါးရက်ရှိပြီဟိုနေ့က ဝမ့်ရှေ့မှာ ဖေဖေလဲကျသွားတယ်
ပြီးတော့ ဖေဖေ့ပါးစပ်ကလည်း နီနီအရည်တွေအများကြီးကို အန်ထုတ်နေတာကို
ဝမ်တွေ့လိုက်တယ်ဝမ်ကဖေဖေ့ကို ဘာဖြစ်တာလဲမေးတော့
ဖေဖေက မဖြေဘူးဘွားဘွားကပြောဖူးတယ် နာကျင်နေလို့ရှိရင်
အဲ့လိုနီနီအရည်တွေထွက်တယ်တဲ့ နာကျင်တာကမကောင်းဘူးလို့ပြောတယ်ဖေဖေ့ကို ဝမ်က နာနေလားလို့မေးတော့
ဖေဖေ ဝမ့်ကိုပြုံးပြပြီးခေါင်းခါပြတယ်
ပြီးတော့ ဖေဖေက စကားမပြောတော့ဘဲ
အိပ်သွားတယ်မေမေက အပြင်ကနေပြန်လာတဲ့အချိန်
ဖေဖေ့ပုံစံကိုတွေ့တော့ အကျယ်ကြီးအော်တယ်
ပြီးတော့ မေမေ့မျက်ဝန်းက မျက်ရည်တွေကျလာတယ်ဖေဖေက အိပ်နေတာကို မေမေက ဘာလို့
အဲ့လောက် စိုးရိမ်နေလဲ ဝမ်မသိခဲ့ဘူးပြီးတော့ ဖေဖေ့ကို အသံတွေမြည်နေတဲ့
ကားအဖြူကြီးနဲ့ခေါ်သွားတယ်ဝမ်ကအိမ်မှာ တစ်ယောက်တည်းမနေရဲတော့
ဘွားဘွားနဲ့ ဦးလေးငယ်က လာခေါ်ပေးတယ်အခု ဝမ် ဘွားဘွားအိမ်မှာ အိပ်ရတာ
လေးခါရှိပြီ ဖေဖေရော အိပ်ရာနိုးပြီလား
မသိဘူး ဝမ့်ကိုလည်း လာမတွေ့ဘူး
ဝမ် ဖေဖေ့က်ို နည်းနည်း စိတ်ကောက်မိတယ်ပြီးတော့ မေမေ့ကိုလည်း ဝမ်သိပ်မတွေ့ရဘူး
မေမေက ခါတိုင်းလို အလုပ်တွေရှုပ်နေတယ် ထင်တယ် ဘွားဘွား နဲ့ ဦးလေးငယ်ကလည်း ဝမ်နဲ့ သိပ်မဆော့ပေးကြဘူး အကုန်လုံးက ဘာလို့ တိတ်ဆိတ်နေကြတာလဲဘွားဘွားအိမ်မှာ နောက်ထပ် နှစ်ရက်လောက်အိပ်ပြီး မေမေက အဖြူရောင် ရိုးရာအကျီကိုဝတ်ပေးပြီး တစ်နေရာကို တူတူသွားရအောင်လို့ပြောတယ်
BẠN ĐANG ĐỌC
Cry On My Shoulder
Fanfictionမနက်ဖြန်ဆိုတာကို ကြိုတင်မျှော်လင့်ထားလို့ မရတာမို့လို့ ဒီနေ့တွေတိုင်းမှာ ခင်ဗျားအနားမှာပဲ ကပ်တွယ် နေနေလို့မရဘူးလား