ဒုတိယအကြိမ်တွေ့ဆုံခြင်း

160 24 7
                                    

ဝမ်ဒီက သူသဘောမကျတဲ့ဆေးရုံကို မနက်အစောကြီးကတည်းက ရောက်နေခဲ့တာ များပြားလှတဲ့ဆေးစစ်ချက်တွေလုပ် လိုအပ်တဲ့ကာကွယ်ဆေးတွေလည်း ထိုးပြီးတော့ ဝမ်ဒီ တော်တော်ပင်ပန်းပြီး အိပ်ချင်နေပြီ
ဆေးစစ်ချက်စာရွက် အထပ်လိုက်ကြီးကို ဂရုတစိုက်ကြည့်နေတဲ့ အဘွားနဲ့ သူ့ရဲ့ ပင်တိုင်ဆရာဝန် အစ်မ ဆိုဟျွန်းရဲ့ စကားပြောသံတွေကို ကြားတစ်ချက် မကြားတစ်ချက် ဖြစ်နေတယ်

ဝမ် ကော်ဖီ တစ်ခွက်တော့ သောက်မှ ဖြစ်မယ်ဆိုတာသေချာနေတာကြောင့် ဘွားလက်ကို အသာတို့ပြီး

"ဘွား ဝမ်ပင်ပန်းပြီးအိပ်ချင်နေပြီ ကော်ဖီတစ်ခွက်လောက်သွားသောက်မှ ဖြစ်တော့မယ် ထင်တယ်"
ဘွားက စာရွက်တွေကနေ မျက်စိလွဲဲပြီး ဝမ့်ကို ကြင်ကြင်နာနာပြုံးပြကာ

"ခဏလေးနေပါဦး မြေးရယ် ဘွားပြီးတော့ တူတူ သွားမယ်လေ နော်"

"အာ ဘွားကကြာဦးမှာဟာ ဒီအောက်လေးတင်သွားမှာပါ ခဏလေးပဲလေနော်"

ဝမ်ဒီက နှုတ်ခမ်းလေးထော်ပြီး ပြောလာတာကြောင့် ဆိုဟျွန်းက သဘောတကျရယ်မောကာ

"လွှတ်လိုက်ပါ ဆရာမကြီးရယ် ခဏလေးပဲကို ဝမ်လေးက အခုဆို တော်တော် အဆင်ပြေနေပါပြီ"

ဆိုဟျွန်းစကားကြောင့် အဘွားလည်း သက်ပြင်းချကာ

"အင်းပါ ဒါဆို သွားလေ ကော်ဖီကို သေချာမှာနော်"

"ဟုတ်ကဲ့ သိပါပြီ"

ဘွားကို ရိုရိုသေသေပုံစံနဲ့ပြောပြီး အစ်မဆိုဟျွန်းကိုတော့ မျက်စိမှတ်ပြကာ fly kiss ပေးပြီး အခန်းထဲက ထွက်လာခဲ့တယ်

ဓာတ်လှေကားမှာ လူတွေများနေတာနဲ့ လှေကားနဲ့ပဲဆင်းဖို့ကြံလိုက်တယ် တတိယထပ်တင်ဆိုတော့ အဆင်ပြေလောက်ပါတယ်

လှေကားကို ဂရုတစိုက် ဖြေးဖြေးချင်းဆင်းပြီး ဆေးရုံ အောက်ထပ်က ကော်ဖီဆိုင်ရောက်တော့ ကောင်တာစီတည့်တည့်သွားလိုက်ပြီး

"အမေရိကာနို တစ်ခွက်ပေးပါ အပူမဟုတ်ဘဲ အအေးကိုလည်း ရေခဲ မထည့်ဘဲပေးပါနော်"

ဝမ့်ရဲ့ ထူးဆန်းတဲ့ အမှာကြောင့် ကော်ဖီဖျော်တဲ့ ဝန်ထမ်းအစ်မက နားမလည်သလို မော့ကြည့်တယ်

Has llegado al final de las partes publicadas.

⏰ Última actualización: Jan 04, 2022 ⏰

¡Añade esta historia a tu biblioteca para recibir notificaciones sobre nuevas partes!

Cry On My ShoulderDonde viven las historias. Descúbrelo ahora