မနက်စောစော မျက်စိနှစ်လုံးပွင့်ပွင့်ချင်း ခေါင်းထဲမှာ ပေါ်လာတဲ့ အတွေးစလေး
ကြောင့် ဂျူဟျွန်း ကိုယ့်ကိုကိုယ် အံ့သြမိတယ်"အား ငါတကယ်ကို မဟုတ်တော့တာပဲ
ဆရာဝန်ဖြစ်နေလို့ပဲ ဖြစ်မယ်ထင်တယ် ဘာလို့ အဲ့လောက်ထိ စိတ်ထဲရောက်လာရတာလဲ"တစ်နာရီလောက်ကြာတဲ့အခါ ဂျူဟျွန်းက မနေ့ကရောက်ခဲ့တဲ့ စံအိမ်ရှေ့ကို ပြန်ရောက်နေပြန်ပါပြီ
မိုးက လုံးဝတိတ်သွားပြီ ဆိုပေမယ့်
မနေ့ညက တစ်ညလုံးထပ်ရွာထားတဲ့
မိုးရေတွေကြောင့် လမ်းက ချောမွတ်ပြောင်လတ်နေတယ်
ရာသီဥတုကလည်း ခပ်မှိုင်းမှိုင်းလေးဖြစ်နေတုန်းပဲမိုးအကုန်ဆောင်းအကူးရာသီဥတုက
ချမ်းစိမ့်စိမ့်လေးမို့ ဝတ်ထားတဲ့ ကုတ်အင်္ကျီ
လက်ရှည်ရဲ့ အိတ်ကပ်တွေထဲ လက်ကို
ထည့်ထားရင်း အိမ်ရှေ့က သစ်ပင်အောက်မှာ ရပ်နေမိတယ်
အိမ်ပြတင်းပေါက်ဆီ လှမ်းကြည့်မိတော့
ပြတင်းတံခါးက ပိတ်ထားတုန်းပဲ"အဲ့ကလေးမက အိပ်နေတုန်းထင်တယ်
ကောင်းကောင်း အိပ်ပျော်နေတာဆိုရင် ကောင်းမှာပဲ"လက်ပတ်နာရီကို ကြည့်လိုက်တော့ မနက်
ခုနှစ်နာရီခွဲတိတိ ဖြစ်နေပြီမို့ အခုသွားမှရတော့မယ်"အင်း မင်းရဲ့မနက်ခင်းကလည်း လှလှပပလေး စတင်ရရင်ကောင်းမှာပဲ"
ဘာရယ်မဟုတ် ခပ်ဖွဖွလေးပြုံးမိရင်း ခြေလှမ်းတွေက စံအိမ်နဲ့ဝေးရာကို ဦးတည်လိုက်တယ်
ဆေးရုံမှာ ဒီနေ့တော့ သိပ်အလုပ်မရှုပ်ရင်ကောင်းမှာပဲ
.......
ဒါပေမယ့် ထုံးစံအတိုင်း ဆေးရုံရောက်ပြီး ဂျူတီကုတ်လဲကာ ရုံးခန်းစားပွဲရဲ့ ထိုင်ခုံမှာ ထိုင်ချလိုက်ချင်းချင်းပဲ
Patient Record အထပ်လိုက်နဲ့ ဝင်လာတဲ့
လက်ထောက်ဆရာဝန် ဂျိုအီကို တွေ့လိုက်ရတယ်"စီနီယာ ဒါတွေက ဒီနေ့ လာပြဖို့ ဘွတ်ကင်လုပ်ထားတဲ့ ပြင်ပလူနာ case တွေ
သူနာပြုကင် မအားလို့ ညီမယူလာပေးတာ"စားပွဲပေါ်မှာ ပုံချလိုက်ပြီး ဂျိုအီက သူ့ရှေ့က ခုံမှာ ဝင်ထိုင်လိုက်တယ်
YOU ARE READING
Cry On My Shoulder
Fanfictionမနက်ဖြန်ဆိုတာကို ကြိုတင်မျှော်လင့်ထားလို့ မရတာမို့လို့ ဒီနေ့တွေတိုင်းမှာ ခင်ဗျားအနားမှာပဲ ကပ်တွယ် နေနေလို့မရဘူးလား