∆ Part - 2 ∆

468 41 3
                                    

Unicobe

(အမည်မသိခံစားချက်)

ထယ်ယောင်း ပြန်လာထဲကစိတ်ကသူ့တူမလေးဆီပဲရောက်နေမိလေရဲ့၊ သူ့ရဲ့တူမလေး ဂျွန်လေးကိုခုမှမြင်ဖူးခြင်းဖြစ်သည်...။

ဂျွန်လေးကအရွယ်ပင်ရောက်နေလေပြီ၊ အရမ်းကိုလှ‌တဲ့မျက်နှာလေးပိုင်ဆိုင်ထားသောဂျွန်လေးပင်၊ ယုန်လေးတစ်ကောင်နဲ့လဲတူနေသည်...။

"ငါ့တူမလေးတောင်အရွယ်ရောက်လာပြီပဲ"

"ဟီး"

သူ့အပြောကိုသဘောကျပြီးယုန်‌သွားလေး‌ေတွနဲ့ ပြုံးပြနေတဲ့ဂျွန်လေးကသိပ်ကိုချစ်ဖို့ကောင်းနေခဲ့ပါသည်လေ...။

"ကဲ သမီးဒီနေ့သမီးကအလုပ်အားတယ်ဆိုတော့ သမီးရဲ့ဦးငယ်နဲ့ အပြင်လျှောက်လည်ကြလေ"

"အဖေကလဲ..ဦးငယ်က ခရီးပန်းလာခဲ့တာကို"

အလိုက်သိလွန်းတဲ့သမီးဖြစ်သူကို mr.jeonအချစ်ပိုရပြန်ပါသည်...။

ဦးငယ် လိုက်ပို့မယ်ဆိုသောကြောင့် အပျော်အပါးမက္တဲ့ဂျွန်လေးကသွားသည့်လမ်းမှာလဲခုန်ပေါက်လို့သွားနေသည်ကို အ‌နောက်ကနေပြုံးရင်းကြည့်နေတဲ့လူလဲရှိနေခဲ့သည်...။

ဂျွန်လေးက လမ်းလျှောက်သွားချင်ပါတယ်ဆိုလို့ လမ်းလျှောက်၍သာလျှောက်လည်ခဲ့ကြပါသည်...။

"ဦးငယ် လိုက်ပို့ပေးတဲ့အတွက်ကျေးဇူးပါနော် ဟီး"

"ဟဟ ရပါတယ်ဗျ"

"ဟာ ဂျွန်လေး"

"ဟင် ဆိုဂျွန်း ပြန်တွေ့ကြပြန်ပြီပဲ"

သူထက်အနည်းငယ်သာငယ်ပုံရတဲ့ လူတစ်ယောက်ကဂျွန်လေးကို ခေါ်တော့ဂျွန်လေးကသူ့ကိုနှုတ်ဆက်ပြီး လိုက်သွားသည်...။

"အင်း လိုက်သွားလေဂျွန်လေး"

ပြုံးပြရင်းသာပြောနေပေမဲ့ ရင်ထဲမှာတော့အောင့်သက်သက်သာ...။

ဂျွန်လေးအိမ်ပြန်လာချိန်မှာတော့ ထူးထူးဆန်းဆန်းမျက်နှာကပြုံးနေပါတယ်၊ လမ်းကလူတွေတောင်ကြည့်ပြီးအရူးလို့သက္မှတ်နေကြမှာ...။

Second Love [ ခေတ္တရပ်နား ]Where stories live. Discover now