∆ Part - 4 ∆

377 36 4
                                    

Unicobe

"ဟမ်!!"

ချစ်နေတာ၊ မဖြစ်နိုင်တာ ဒါကလုံးဝကိုမဖြစ်နိုင်တဲ့ကိစ္စလေ...။

"သူမကိုမင်းချစ်နေတာလေ ထယ်ယောင်းရ"

"မဖြစ်နိုင်ပါဘူးကွာ"

ပြောပြီး အရက်နောက်တစ်ခွက်ကိုမော့သောက်လိုက်သည်...။

"မင်းကိုမင်းလိမ်နေရင် မင်းရဲ့အကျိုးဆက်ကနာကျင်ရမယ်၊ နောင်တရလိမ့်မယ် ကိုယ့်ကိုကိုယ်မညာစမ်းပါနဲ့ကွာ ထယ်ယောင်း"

"ဟုတ်ပြီ မင်းပြောသလို ဂျွန်လေးကိုငါချစ်နေခဲ့ရင်ရော ဦးလေးနဲ့တူမ‌ဆိုတဲ့ဆက်ဆံရေးကြီးက...."

သူစကားဆက်မပြောနိုင်တော့ ရင်ထဲဆို့နင့်လာသည်၊ အသံတွေဟာလဲတုန်ရီလို့...။

"ထယ်ယောင်း မင်းနားလိုက်ပါကွာ မင်းအလုပ်ကနေပင်ပန်းလာတယ်မလား ဟင် ထယ်ယောင်း! ထပါဦး ထယ်ယောင်း!!!"

ထယ်ယောင်းကတော့ တုတ်တုတ်မျှမလှုပ်၊ အလုပ်ကပင်ပန်းလာတာကြောင့်ရော စိတ်တွေဟာလဲရှုပ်ထွေးရတာကြောင့်ရော ရင်တွေမောဟိုက်လာသောကြောင့် စိတ်အစုံကိုလွှတ်ချလိုက်မိသည်...။

ဂျွန်လေးအိမ်ပြန်ရောက်ခါနီးမှာ ဖုန်းဆက်လာတဲ့အဖေဖြစ်သူကြောင့်ကိုင်လိုက်လေတော့...။

"သမီး ***ဆေးရုံကိုလာခဲ့..."

"ရှင်..."

ဂျွန်လေး ပြန်ပြောဖို့ဟန်ပြင်လိုက်ခင် ဖုန်းလေးကတော့ တီ ခနဲကျသွားခဲ့သည်၊ ဂျွန်လေးလဲကားကိုမောင်းကာဆေးရုံဆီသို့...။

ဆေးရုံတွင်ဖြစ်သည်၊ ထယ်ယောင်းဘေးနားမှာထိုင်ရင်း စိတ်ပူနေကြတဲ့ mr.jeonရယ် ဂျွန်လေးရယ် ဂျီမင်ရယ်...။

ဆရာဝန်ကစမ်းသပ်ပြီးချိန်မှာတော့ ပြောလာတဲ့စကားကြောင့်စိတ်ပူတာရော့သွားပေမဲ့ ‌အဆုံးသတ်စကားကပိုပြီးစိတ်ကိုပူပင်ရစေသည်...။

"လူနာက အားနာနေလို့မေ့လဲသွားတာပါ ဒါပေမဲ့ ဂရုစိုက်ဖို့တော့လိုလိမ့်မယ် လူနာမှာနှလုံးရောဂါအခံရ‌ှိတော့ ပြီးတော့ stressတွေလဲရှိပုံရတယ် ဂရုစိုက်ရင်တော့ပိုကောင်းတာပေါ့ဗျာ..."

Second Love [ ခေတ္တရပ်နား ]Where stories live. Discover now