∆ Part - 3 ∆

365 38 4
                                    

Unicobe

(မင်းကြောင့်သာ...)

‌တင်!

"ဘယ်သူတုန်းဟ"

ထယ်ယောင်း ဆိုဖာပေါ်မှာ စာဖတ်နေတုန်း တင်ခနဲ​မြည်လာတဲ့ ဖုန်းသံကြောင့်ကြည့်မိတော့ ဂျွန်လေးဖုန်းဆီက...။

(SoJoon)
💬 : ဂျွန်လေး ဒီနေ့ချိန်းထားတာရ‌ှိတယ်ဆိုတာ မမေ့နဲ့အုံးနော် ကိုယ်စောင့်နေမှာ...

ပို့လာတဲ့သူက ဆိုဂျွန်းတဲ့၊ စာကိုဖတ်ပြီးဒေါသကထောင်းခနဲ ဘာလို့ဒေါသထွက္မှန်းလဲမသိ...။

"ဂျွန်လေး..."

"အာ ဟုတ် ဦးငယ်ပြောလေ"

လှေကားထစ်ကနေဆင်းရင်ပြောလာတဲ့သူမ...။

"ဘယ်သွားမို့လဲ ဂျွန်လေး"

"ချိန်းထားတာလေး ရှိလို့ပါ ဦးငယ်~~"

"အော်"

ဂျွန်လေးက သူဖုန်းကိုယူပြီးအပြင်ကိုထွက်သွားသည်...။

"ဆိုဂျွန်း.."

"ဟာ ဂျွန်လေး"

"ဟီး သွားရအောင်လေ"

ဒီနေ့က ဆိုဂျွန်းချိန်းလိုက်တာကတခြားမဟုတ်ပေ၊ ဂျွန်လေးကိုဖွင်‌့ပြောချင်လို့သာ...။

ဂျွန်လေးစိတ်ဆိုးသွားလေမလား သူသာပြောလိုက်ရင်၊ ဂျွန်လေးနဲ့က အရင်ကတနေရာမှာဆုံဖူးတယ်ဆိုတာ ဂျွန်လေးမေ့နေသလား...?။

သူကတော့ ကောင်‌းကောင်းကိုမှတ်မိပါတယ်၊ အဲ့နေ့ကစလို့ဂျွန်လေးကိုချစ်ခဲ့တာ‌၊ ဒုတိယတွေ့ဆုံချိန်မှာလဲသူ မသိသလိုသာဟန်ဆောင်ခဲ့ရသည်...။

ဂျွန်လေးနဲ့ပထမဆုံးတွေ့ခဲ့တဲ့နေ့...။

"ဟင် အား စိတ်တိုလိုက်တာ ဘာလဲမသိဘူး လူကိုတိုက်သွားပြီးတော့ မတောင်းပန်သွားဘူး"

ဆိုဂျွန်း ကော်ဖီသောက်နေတုန်း ကာထားတဲ့ဖန်သားအပြင်ဘက်ကကောင်မလေးကိုကြည့်ပြီးရယ်မိတယ်၊ စိတ်တိုနေတာတဲ့ ခြေလေးစောင့်ပြီး နှုတ်ခမ်းလေးကလဲဆူလို့...။

**ဟမ် ငါအခုဘာတွေတွေးနေပါလိမ့် လီဆိုဂျွန်းရေ မင်းတော့စိတ်မမှန်တော့ဘူးထင်တယ်**

Second Love [ ခေတ္တရပ်နား ]Where stories live. Discover now