(Unicode version)
သိပ်ကိုချောမောပြီး အရမ်းမိမိုက်တဲ့ Alphaမျိုး ခင်ဗျားတို့မြင်ဖူးလား...သိပ်တွေးကြည့်မနေနဲ့ အဲ့တာကျွန်တော်ပဲ။ဒါပင်မဲ့..ကျွန်တော့်ရဲ့ ခန္ဓာကိုယ် ကျွန်တော့်ရဲ့အသွင်အပြင်က Alphaတစ်ယောက်ပါဆိုတာကို ဘယ်သူမှယုံချင်မှာမဟုတ်ဘူး။
ဒါပင်မဲ့ ကျွန်တော်ကတကယ် Alphaပါ။
ဂျောင်ဟိုဆော့ဆိုတဲ့ကျွန်တော်က ပိန်ပိန်သွယ်သွယ်ဖြစ်နေလို့ ကျန်တဲ့Alphaတွေလို အချိုးအစားကျနပြီး မိမိုက်မနေတဲ့အတွက် အိမ်ကမိသားစုကလွဲရင် ဘယ်သူမှတောင်ယုံကြည်ကြတာမဟုတ်ဘူး။
ကျွန်တော်တက်နေတဲ့တက္ကသိုလ်မှာတော့ Alphaနဲ့Omegaတွေကိုရောမထားဘူး Alphaနဲ့Betaတစ်ခန်း၊ Betaနဲ့Omegaတစ်ခန်း အဲ့လိုတွေပဲ အခန်းတွေခွဲထားတယ်။အဲ့တာကြောင့် Alphaနဲ့Betaခန်းထဲနေရလို့သာ Alphaမှန်းလက်ခံကြတာ။
ကျွန်တော်က ဆိုးလ်တက္ကသိုလ်ရဲ့နောက်ဆုံးနှစ် ဉပဒေမေဂျာကျောင်းသား။ ခင်ဗျားသိလား... ကျွန်တော်က ကျွန်တော့်ကို သိပ်အရာမသွင်းတဲ့ Alphaကောင်တွေကိုမှတ်ထားတယ်။ သူတို့များ အမှုတစ်ခုခုဖြစ်လာရင် ကျွန်တော့်ဂွင်ထဲပဲလေ...သိတယ်မလား။
ကျွန်တော်က Betaကောင်မလေးတွေကိုပဲ သဘောကျတဲ့ Alphaပေါ့။ Omegaတွေကို မကြိုက်ဘူး..။ ဘာဖြစ်လို့လည်းဆိုတော့ အဲ့အနံ့တွေက ကျွန်တော့်ကို အသေအလဲခေါင်းမူးစေတာ...။ သူတို့Heatတက်လို့ အနံ့ပြင်းပြင်းတွေလွှတ်ပြီဆို ဒီကကောင်ရဲ့အောက်ပိုင်းကထိန်းမရတဲ့အပြင် ခေါင်းပါအသေမူးလာတာ။ ဒါကြောင့် ကျွန်တော်မကြိုက်ဘူး။
Betaလေးတွေကျ ကျွန်တော်နဲ့ အဆင်ပြေတယ်။ အနံ့သိပ်မပြင်းဘူးလေ။ ကျွန်တော်တို့ မေဂျာကွင်းက Betaမလေးလေ။ သိပ်လှတာပေါ့ဗျာ။ ကျွန်တော် ဒုတိယနှစ်ကတည်းက သူ့ကိုကြိုက်ပြီးလိုက်ပင်မဲ့ သူကအခုထိ မပွင့်မလင်းရယ်ပါ။ သူက ဟိုဘက် ဓာတုမေဂျာက Kingကြီးကို ကြိုက်နေတယ်လို့တော့ သတင်းရတယ်။
အဲ့Kingကြီးက ကင်နမ်ဂျွန်းတဲ့။ ရှာမှရှားတဲ့ Dominant Alphaအမျိုးအစားဆိုတော့လည်း ကျွန်တော့်မှာအခြေအနေကြည့်နေရတာပေါ့ဗျာ။ ဒါပင်မဲ့သိတယ်မလား... မေဂျာကွင်းလေးကိုတော့ သိပ်သိပ်ကြိုက်တာ။
...............................................................
ကျွန်တော်ကအားကစားတော့လုပ်တယ်။ ဘတ်စကတ်ဘောကစားတာကတော့ မေဂျာလက်ရွေးစင်အဖြစ်အရွေးခံထားရတယ်ဗျာ။ ကြွားတာမဟုတ်ဘူးနော်...ကျွန်တော်က အဲ့လို ကြည့်ကောင်းရုံတင်မဟုတ်ဘူး အဘက်ဘက်ကပါတော်နေတာ။