(Unicode Version)
"ဖန်ခွက်ကနှစ်ခြမ်းကွဲသွားတယ်"ခွပ် ခနဲကြားလိုက်ရပြီး Respberry ဖျော်ရည်တွေက စားပွဲပေါ်မှာပြန့်ကျဲသွားတယ်။ ယွန်းဂီနဲ့ ကျွန်တော် ဘာစကားမှတောင်မပြောနိုင်တော့ဘူး။ ဂျီမင်ကတော့သက်ပြင်းချလိုက်တာတွေ့တယ်။ ထယ်ယောင်း..ထယ်ယောင်းက တစ်ရှူးတွေဆွဲထုတ်ပြီး သုတ်နေတယ်။ ပြီးတော့ စားပွဲထိုးလေးကိုလှမ်းခေါ်လိုက်တယ်။
"ဘယ်လိုဖြစ်သွားရတာလည်း..."
ခဏအကြာမှာ ယွန်းဂီအသံထွက်လာတယ်။ ကျွန်တော်ဖြင့် ကြက်သေသေသေနေတုန်းပဲ။
"ဟိတ်ကောင် ငါတို့ဖန်ခွက်ဖိုးလျော်ရတော့မှာလား"
ယွန်းဂီကထပ်မေးပြန်တယ်။ လျော်ရအောင် ကျွန်တော့်လက်နဲ့တောင်မှမထိရသေးတာ ဒါပင်မဲ့ ဆိုင်ကတော့ ဘယ်လက်ခံမလည်းလေ။ Betaကောင်မလေးကို လှမ်းကြည့်မိလိုက်တော့ ငိုမဲ့မဲ့လေးဖြစ်နေတယ်။ အို...ဒုက္ခပဲ ကျွန်တော်က သနားတတ်တယ်။
"ဟိတ်..ကောင်မလေး...အစ်ကိုခွဲလိုက်တာမဟုတ်ဘူးနော်"
ဒါဖြေရှင်းရမယ်လေ ဟုတ်တယ်မလား။ တစ်ဖက်ကမိန်းကလေးဆိုတော့ ဒီလောက်ထိသူပေးဖို့တောင် မနည်းအရဲစွန့်ထားရမှန်း ကိုယ်ချင်းစာမိတယ်။ ကျွန်တော်လှမ်းပြောလိုက်တော့ ကောင်မလေးမျက်နှာက ချက်ချင်းဝင်းပသွားတာပဲ။ ပြီးတော့ ကျွန်တော်တို့စားပွဲဆီကိုလှမ်းလာတယ်။
"အစ်ကိုက သောက်တော့မလို့လုပ်နေတာမလားဟင်"
"ဟုတ်တယ်...ဒါပင်မဲ့ ဖန်ခွက်ကသူ့ဘာသာသူကွဲသွားတာ"
ကောင်မလေးမျက်လုံးမှာ မျှော်လင့်ချက်ရောင်ခြည်တွေသမ်းလာတာမျိုးကျွန်တော်တွေ့ရတယ်။ ဘာပဲဖြစ်ဖြစ် သူနောက်တစ်ခွက်ဝယ်တိုက်မယ်ဆိုကျွန်တော်ကသောက်မှာပါ အားနာတတ်တယ်လေ...တစ်မျိုးမထင်ပါနဲ့။
"အစ်ကို့အကောင့်လေး addချင်လို့ အဲ့တာ QR codeလေး"
ကောင်မလေးကရှက်ကိုးရှက်ကန်းလေးနဲ့ သူ့ဖုန်းလေးကိုရှေ့ထိုးပေးလာတယ်။ ယောင်္ကျားဆိုမှယောင်္ကျားဗျ...ဒါမျိုးတော့ဘယ်လက်လွှတ်ခံလို့ဖြစ်မလည်းဟုတ်တယ်မလား။ အဲ့ဒါနဲ့ ကျွန်တော့်ဖုန်းကို ဆွဲထုတ်လိုက်တယ်။