အပိုင်း(9)

206 11 0
                                    

Unicode

မနက်လင်းရောင်ခြည်သည်ကောင်းစွာမထွန်းလင်းနိုင်သေး။
သက္ကတစ်ယောက်ကားထုံးစံအတိုင်းမနက်အစောကြီးနိုးနေပြန်လေသည်။

အိပ်ယာမှထလိုက်ပြီးအနည်းငယ်ဟနေသောအံ့ထူးပိုင်အခန်းတံခါးဝကိုဖွင့်ကြည့်လိုက်တော့အံ့ထူးပိုင်တစ်ယောက်အိပ်နေဆဲပင်။
သက္ကလည်းအံ့ထူးပိုင်အခန်းတံခါးဝကိုပြန်စေ့လိုက်ကာရေချိုးခန်းသို့သွားလိုက်သည်။

မနက်စောစောစီးစီးရေချိုးရသည်ကိုသက္ကကြိုက်နှစ်သက်သည်။နှစ်သက်ရခြင်းအကြောင်းမှာကားမနက်စောစောရေချိုးလျှင်လန်းဆန်းသည်ဟုခံစားရသောကြောင့်ဖြစ်သည်။
ယခုလည်းရေချိုးရန်ပြင်ဆင်နေခြင်းပင်ဖြစ်သည်။

ရေပန်းမှရေများကသက္က၏ခန္တာကိုယ်အားအေးမြစေသည်။နူးညံ့သောရေချိုးဆပ်ပြာအမြှုပ်များလည်းသက္က၏အဆီပိုမရှိသောဗိုက်သားအပါအဝင်ခန္တာကိုယ်အစိတ်အပိုင်းတော်တော်များများအပေါ်တွင်နေရာယူထားသည်။

ရေချိုးပြီးစီးသည့်အခါတွင်သက္ကသူ၏အခန်းထဲဝင်ကာအဝတ်အစားလဲလိုက်သည်။ဆံပင်ကတော့မသုတ်ဖြစ်။မသုတ်ရသည်မှာလည်းအကြောင်းရင်းရှိပေသည်။

ရေနွေးအိုးထဲရေထည့်ကာပလပ်ထိုးထားလိုက်လေသည်။တစ်စုံတယောက်သောသူအတွက်မနက်စာကိုပြင်ဆင်ပေးချင်သောကြောင့်ပင်။

ရွှေကျီးပေါင်မုန့်ကိုလဲဓားဖြင့်အချပ်ငယ်များဖြစ်အောင်ပါးပါးလေးလှီးလိုက်သည်။ပေါင်မုန့်ချပ်များကိုပန်းကန်ပြားအလွတ်ထဲတွင်ထည့်လိုက်လေသည်။

အပြာရောင်ကော်ဖီခွက်ထဲသို့ကော်ဖီမှုန့်များဖောက်ထည့်လိုက်သည်။​အချိန်ဆယ်စက္ကန့်ပင်မပြည့်လိုက်။ကော်ဖီမှုန့်များအားလုံးခွက်ထဲရောက်သွားချိန်တွင်ရေနွေးအိုးကလည်းကျက်ပြီဖြစ်ကြောင်းအချက်ပြလာသည်။
ကော်ဖီမှုန့်များနှင့်ရေနွေးပေါင်းစပ်ကာဇွန်းဖြင့်မွှေပြီးသည့်အချိန်တွင်တော့ကော်ဖီအနံ့ကသင်းပျံ့ကာသောက်ချင်စဖွယ်ကော်ဖီတစ်ခွက်ကိုရရှိလာလေသည်။

မေမြို့ထွက်စတော်ဘယ်ရီယိုစစ်စစ်ကိုလည်းပေါင်မုန့်များပေါ်တွင်သုတ်လိမ်းပေးလိုက်သည်။
သက္ကပြင်ဆင်နေသောမနက်စာများမှာမြင်သူတိုင်းသရေကျလောက်အောင်စားချင်စဖွယ်ကောင်းလှသည်။ထိုမနက်စာကိုစားရမည့်တစ်ဦးတည်းသောလူကတော့မနိုးသေးချေ။

𝘓𝘰𝘷𝘦 𝘛𝘩𝘦𝘰𝘳𝘺Where stories live. Discover now