အပိုင်း(20)

164 7 0
                                    

Unicode

"ငါ့သား...အဖေလုပ်ငန်းတွေဖမ်းခံရတယ်ဆို"

"ပြဿနာရှိလို့လား.....အရမ်းကြီးထိခိုက်သွားတာလဲမဟုတ်ပါဘူး။နယ်စပ်ကဆေးခြောက်လုပ်ငန်းတွေပဲလေ....ကျန်တဲ့လုပ်ငန်းကြီးတွေဘာမှမဖြစ်ဘူး"

စီးကရက်ကို ရှိုက်ဖွာကာပြောသောသူရိန်၏ပုံစံသည် အေးစက်စက်နိုင်လွန်းလှသည်။ သေချာသည်က ဤကဲ့သို့ဖြစ်အောင်ပုံသွင်းခဲ့သူမှာ သူ၏အဖေပင်။ နဂိုဖြူစင်ကာ နူးညံ့လွန်းသော သူရိန်ကို မကောင်းမှုများဖြင့်မွေ့ပျော်သူဖြစ်အောင်ပုံသွင်းပေးခဲ့သည်ဟုဆိုရင် ပိုမှန်သည်။

“မင်းဦးနှောက်မရှိဘူးလား......ငါတို့လုပ်ငန်းတွေထိနိုင်တယ်ဆိုတာရောမသိဘူးလား။မင်းအဲ့လို အမြဲတမ်းပေါ့လျော့နေမယ်ဆို ငါတို့ပါထောင်နန်းစံရမှာ။ဒါကိုနားလည်လား”

ထိုသို့ပြောတော့သူရိန်ကစီးကရက်ငွေ့များကိုရှိုက်ထုတ်ကာ ခပ်သဲ့သဲ့ရယ်သည်။ သူ၏အဖေကိုလည်းတစ်ချက်ကြည့်သည်။

“ကျွန်တော်ကရောဒီလုပ်ငန်းတွေလုပ်ချင်တယ်လို့အဖေထင်နေတာလား.....အဖေ့စီးပွားရေးတွေအကုန်လုံးကတရားမဝင်တာတွေချည်းပဲ။
ကျွန်တော်ဘာဖြစ်ချင်လဲဘာလုပ်ချင်လဲ အဖေတစ်ခါမှ မမေးခဲ့ဘူး”

ထိုလူကြီးကတော့ သူရိန်စကားများကို တစ်ခွန်းတစ်လေမှနားမဝင်သည့်ပုံပင်။စာချုပ်တစ်ခုကိုအိတ်ထဲမှထုတ်လိုက်သည်။

“မင်းကငါ့သားလေ.....ငါခိုင်းတာမင်းလုပ်ရမယ်။မင်းမှာဘာမှငြင်းဆန်ပိုင်ခွင့်မရှိဘူး။မင်းအခု ဒီမှာလက်မှတ်ထိုး။ဒါက ပြည့်တန်ဆာရောင်းဝယ်ရေးအတွက်စာချုပ်ပဲ”

ပြည့်တန်ဆာရောင်းဝယ်ရေး။
သူရိန် မထင်ထားသောအလုပ်တစ်ခုပင်။ အဖေဖြစ်သူ ဤကဲ့သို့သောလုပ်ငန်းများကိုပါ ငွေဟူသော လောဘတရားဖုံး၍လုပ်သင့်မလုပ်သင့် မတွေးမိလေတော့သလား။

“အဖေ.....သားဒီလို အလုပ်တွေကိုမလုပ်ချင်ဘူး”

“မင်းဒီလုပ်ငန်းကိုလုပ်ရင် ရသမျှအကျိုးအမြတ်တွေမင်းပဲယူရမှာ...အဖေတစ်ပြားတစ်ချပ်မှတောင်မယူဘူး”

𝘓𝘰𝘷𝘦 𝘛𝘩𝘦𝘰𝘳𝘺Where stories live. Discover now