16(B)

107 8 0
                                    

unicode

"လရောင်ဘာဖြစ်တာလဲ။ငါ့ကိုအခုပြောပြလို့ရမလား"

အံ့ထူးပိုင် စိတ်ပူနေမိသည်မှာအကြောင်းမဲ့မဟုတ်။
လရောင် ကိုနောက်ထပ်မမြင်နိုင်သောအန္တာရာယ်များကစောင့်ကြိုနေနိုင်သည်။ထို့အပြင်သက္က ကိုဖုံးကွယ်ထားသောအရာများ ပေါ်သွားခဲ့ပါလျှင် သက္ကစိတ်နာသွားနိုင်ချေသည်။ယခု လရောင်ကိစ္စကိုပင်မည်သို့မည်ပုံလုပ်ရမည်မသိချေ။

"သူ့ကိုလုပ်တာ သူရိန်ရဲ့လူတွေပဲဖြစ်လိမ့်မယ်။ပြီးတော့ သူတို့ လရောင်ကိုနှိပ်စက်ထားတာ ရစရာမရှိဘူး။ကျွန်တော် ရောက်တာနောက်ကျသွားတယ်။လရောင် သေလုမြောပါးဖြစ်အောင်သူတို့နှိပ်စက်ထားကြတာ"

အံ့ထူးပိုင်လည်း ဒေါသများထွက်လာသည်။
ဖြူဖွေးသော မျက်နှာသည် ဒေါသအရှိန်အဟုန်ကြောင့်ထင့် နီရဲတက်လာသည်။

"ငါတို့လူကို သူတို့ကလုပ်ရဲတဲ့အထိတောင်ဖြစ်လာပြီပေါ့"

ထိုသို့ပြောတော့ လင်းရောင်က အံ့ထူးပိုင်ကိုနာကျည်းစွာလှောင်ရယ်သည်။

"ဟား...ဟား..ဟား......လရောင် ဒီလိုမျိုးဖြစ်အောင်ခင်ဗျားပဲလုပ်တာလေ"

"ငါနဲ့ဘာဆိုင်လို့လဲ"

အံ့ထူးပိုင်အသံက ဆေးရုံတစ်ခုလုံးကိုလွှမ်းသွားသည်။
လူအချို့ကတော့သူတို့ကိုလှမ်းကြည့်နေကြသည်။

"သိပ်ဆိုင်တာပေါ့......ခင်ဗျားတို့ သက္ကဆိုတဲ့တန်ဖိုးမရှိတဲ့လူကို လုတဲ့ပွဲမှာ ကျုပ်ရဲ့လူက ​ဓားစာခံ လားဟင်"

ထိုသို့ပြောတော့ အံ့ထူးပိုင်၏ လက်သီးချက်က လင်းရောင်မျက်နှာပေါ်သို့ ကျရောက်လာသည်။
လက်သီးချက်ပြင်းသောကြောင့်ထင့်။ပါးစောင်မှသွေးများစီးကျလာသည်။

"ထိုးစမ်းပါဦး...ထပ်ထိုးလေ။ကျုပ်ပြောတဲ့စကားကမမှန်လို့လား"

"မင်းပြောတဲ့စကားတွေအကုန်လုံး မှန်မနေဘူး ။သူရိန်နဲ့ငါ့ကြားမှာ ရှိတဲ့ပြဿနာတွေက သက္ကကြောင့်ဖြစ်လာတာလို့ထင်ရင်မင်းမှားသွားလိမ့်မယ်။ပြီးတော့ ငါသိပ်ချစ်ရတဲ့လူကို တန်ဖိုးမရှိတဲ့လူလို့ မင်းမှာပြောပိုင်ခွင့်မရှိဘူး"

𝘓𝘰𝘷𝘦 𝘛𝘩𝘦𝘰𝘳𝘺Donde viven las historias. Descúbrelo ahora