၂၀၂၁ ဇွန်လ ၂၁ ပထမဆုံးရင်ခုန်သံ
သာယာလှပတဲ့ကောင်းကင်ကြီးအောက်မှာတောက်ပနေတဲ့ထိုလူသားကိုကျွန်တော်ရှာတွေ့ခဲ့တယ်.......
တစ်ခဏအတွင်းဖြစ်သွားခဲ့တဲ့ ကျွန်တော့ရင်ခုန်သံကို ဘယ်လိုအဓိပ္ပာယ်ဖွင့်ရမလဲ
ကျွန်တော့ဘဝတစ်လျှောက်လုံးအတွက်ထိုလူသားအနားမှာနေချင်မိတဲ့ခံစားချက်မျိုးနဲ့ပြင်းပြင်းပြပြခုန်နေပြီးစည်းချက်မြန်တဲ့ရင်ခုန်သံလို့ပြောရင် ကျွန်တော်ပိုသလိုဖြစ်သွားမလား..
ဒါပေမဲ့လည်း ကျွန်တော်ရှင်သန်ခဲ့တဲ့ ဘဝတစ်လျှောက်မှာ ပထမဆုံးအနေနဲ့ရင်ခုန်မိတာ ထိုလူသားဖြစ်နေတယ်တဲ့လား ထိုထက်ပိုထူးဆန်းတာက ကျွန်တော်ရင်ခုန်မိလေသူက ယောကျာ်းတစ်ယောက်ဖြစ်နေခြင်းပဲ
ကျွန်တော့ပတ်ဝန်းကျင်တွင်မိန်းကလေးများစွာရှိပါသည် ထိုမိန်းကလေးများအပေါ်ရော အခြားမိန်းကလေးများအပေါ်ရော တစ်ခါမှထိုသို့ရင်မခုန်ခဲ့ဖူးပါ ထိုလူသားအပေါ်တွင်မှ ကျွန်တော့နှလုံးသားတစ်ခုလုံးထိန်းမနိုင်သိမ်းမရ ခုန်နေခြင်းဖြစ်သည်.
ကျွန်တော်ထိုလူသားကို နောက်တစ်ခေါက်များတွေ့နိုင်ပါအုံးမလား.ကျွန်တော့အနေနဲ့ဖြစ်နိုင်ရင် ထိုလူသားသွားရာနောက် ထပ်ကြပ်မကွာလိုက်သွားလိုက်ချင်ပါသည်..
"ဟဲ့ ထက်မာန်ကားလာပြီလေ"
ဆည်းဆာ က ကျွန်တော့ပုခုံးအားပုတ်၍ သတိပေးလိုက်မှ စိတ်နဲ့လူနဲ့ပြန်ကပ်သွားတော့သည်
ဆည်းဆာ ဟာ ကျွန်တော်နှင့်ငယ်စဉ်တည်းကပင် ပေါင်းလာသော ငယ်သူငယ်ချင်းလည်းဖြစ်သလို မောင်နှမဟုခေါ်ရလျှင်လည်းမမှားသော မိန်းကလေးဖြစ်သည်
ငယ်ငယ်တည်းက ဒယ်ဒီဆုံးပြီးနောက် မာမီနဲ့သာနေခဲ့ရပြီး အပေါင်းအသင်းနည်းသည့်ကျွန်တော့အတွက် တွယ်တာစရာဆိုလို့ဆည်းဆာသာရှိခဲ့သည် သူမကိုပင် သူငယ်ချင်းလိုတစ်မျိုး အစ်မလိုတစ်မျိုး တွယ်တာခဲ့ရသည်"ဪ အေးအေး"
ထိုလူသားကို ငေးနေတဲ့ကျွန်တော်ဟာ အရာရာကို မေ့နေခဲ့ပါသည်.
YOU ARE READING
ချစ်ခြင်းဖြင့် ရစ်ဖွဲ့သော
Romanceမင်းကတော့လွယ်လွယ်လေးသူမကိုသဘောကျတယ်ပြောခဲ့တာလေးပါပဲ ငါ့နှလုံးသားကတော့အဲ့ဒီအခိုက်အတန့်မှာ အစိတ်စိတ်ကွဲပြိုခဲ့ပါပြီ ဧဒင်ရာ