ဆည်းဆာ နှင့် မခေါ်မပြောဖြစ်သည်မှာ တစ်ပတ်နီးပါးရှိခဲ့လေသည်..
ကျောင်းတွင်အမြဲမြင်တွေ့နေသောလည်း အရင်လိုတော့ မခေါ်ပြောဖြစ်တော့
ထက်မာန် စကားပြောရန်ကြိုးစားခဲ့သော်လည်း ဆည်းဆာမှာထက်မာန်ကို ရှောင်နေခဲ့သည်
ဆည်းဆာနှင့်သာမဆက်သွယ်ဖြစ်သော်လည်း ဧဒင်နှင့်တော့အမြဲလိုလို အဆက်အသွယ်လုပ်ဖြစ်ခဲ့သည်
ထက်မာန်နှင့်ဆည်းဆာသည် ဤမျှလောက်အကြာကြီးမခေါ်မပြောမနေခဲ့ဖူးပါ..
ထို့ကြောင့် ထက်မာန်လည်း မနေနိုင်တော့ ဖုန်းစဆက်၍ချော့ရန်သာရှိတော့သည်
တစ်ပတ်လုံးဖုန်းမဆက်သည်မှာလည်း ဆည်းဆာ ယခုလောက်စိတ်ဆိုးနေမည်ဟုမထင်၍ပင်
အခုတော့ဆည်းဆာသည် ငယ်ငယ်ကလို ရန်ဖြစ်တိုင်းပြန်စခေါ်ခဲ့သည့်ကလေးမလေးမဟုတ်တော့..
ယခုညမှ ဆည်းဆာနှင့်ပြန်အဆင်မပြေလျှင် ထက်မာန်တစ်ညလုံးအိပ်ပျော်နိုင်ချေမရှိ.
ညအိပ်မီးအိပ်ဘေး၌တင်ထားသော ဖုန်းအားလှမ်းယူ၍ ဆည်းဆာထံ ဖုန်းဆက်ရန်ပြင်လိုက်တော့သည်
ပထမအကြိမ်.ဆည်းဆာဖုန်းလုံးဝမကိုင်
တစ်ဖက်တွင်လည်း ဆည်းဆာသည်တမင်ဖုန်းမကိုင်ပဲ ကလိချင်၍သာဖြစ်သည်.
"အံမယ် နောက်ဆုံးတော့လည်း နင်အရင်စခေါ်ရတာပါလား ငထက်ရေ နေပါစေအုံး တမင်မကိုင်ပဲကိုထားအုံးမယ်"
အတော်အတန် ဖုန်းမကိုင်ပဲနေပြီးနောက် ဆည်းဆာ ဖုန်းကိုင်လိုက်သည်
"အေး ပြော ဘာလဲ"
"နင်ငါ့ကိုစိတ်ဆိုးနေတုန်းလား"
"မဆိုးပါဘူး နင်ဘာလုပ်လုပ် နင့်ကိစ္စလေ ငါကဘာကိုစိတ်ဆိုးရမှာလဲ"
"ငါ အဲ့နေ့က နင့်ကိုတမင်အော်လိုက်တာမဟုတ်ပါဘူးဟာ
နင့်ကိုလိမ်ပြီးအပြင်သွားတာ နင်သိသွားတော့ ငါ့ဟာငါ မလုံပဲအော်ချလိုက်မိတာပါဆည်းဆာ ရယ် သူငယ်ချင်းကလည်း နင်နဲ့ငါ အဲ့လောက်အကြာကြီး မခေါ်ပဲမနေဖူးဘူးလေဟာ
စိတ်ဆိုးပြေတော့လေနော်"

YOU ARE READING
ချစ်ခြင်းဖြင့် ရစ်ဖွဲ့သော
Romantiekမင်းကတော့လွယ်လွယ်လေးသူမကိုသဘောကျတယ်ပြောခဲ့တာလေးပါပဲ ငါ့နှလုံးသားကတော့အဲ့ဒီအခိုက်အတန့်မှာ အစိတ်စိတ်ကွဲပြိုခဲ့ပါပြီ ဧဒင်ရာ