အခန်း(၁)-ထင်မှတ်မထားတဲ့ရေစက်-

31 2 0
                                    


မနက်ခင်းရဲ့နေရောင်ခြည်ဟာ ထက်မာန် ၏ အခန်းထဲသို့ ဖြာကျနေပြီဖြစ်သော်လည်း ထက်မာန် မှာ အိပ်နေရာမှ မထသေး..

Take me home, I'm fallin

Love me long, I'm rollin

Losing control,body and soul

Mind too for sure, I'm already yours.

ရုတ်တရက်မြည်လာသောဖုန်းသံကြောင့် ထက်မာန် မျက်လုံးတောင် မဖွင့်နိုင်ပဲ ဖုန်းကိုကောက်ကိုင်လိုက်သည်

ဘယ်သူဆက်သည်ဆိုသည်ကို အလိုလို သိနှင့်ပြီးသားဖြစ်သည် ထက်မာန်ဖုန်းကိုဆက်မည့်သူဆိုလို့ မိခင် ဒေါ်ကေသီ နှင့် ဆည်းဆာ သာရှိသည်

ယခုလို မနက်အစောကြီးဆက်သည်ဆိုတည်းက ဆည်းဆာသာဖြစ်မည်ဆိုတာ ထက်မာန်မှန်းဆစရာပင်မလို

"အေး ဆည်းဆာ ဘာလဲဟာ စောစောစီးစီး"

မကျေမနပ်နှင့်စောင့်အောင့်ကာပြောလိုက်သော ထက်မာန်၏စကားကြောင့် ဆည်းဆာ ဒေါသထောင်းခနဲထွက်သွားသည်။
သို့သော် အိပ်နေရင်ဖုန်းဆက်တာမကြိုက်
သော ထက်မာန်၏အကြောင်းအား ကြေညက်အောင်သိသူမို့ စိတ်လျှော့ကာပြန်ပြောရပြန်သည်။

"ဟာ ဘယ်ကစောရမှာလဲ မနက် ၈နာရီထိုးတော့မယ် ထတော့ ငထက်ရာ"

"ဘာလဲဟာ ကျောင်းလည်းမသွားရဘူးလေ ပိတ်ရက်လေးတော့အိပ်ပါရစေဟ"

"ကျောင်းမသွားရတာတော့ဟုတ်တယ်လေဟာ ဒါပေမဲ့ ငါသွားစရာရှိတယ်"

"အေး နင်သွားစရာရှိတာပဲ သွားပေါ့ ငါနဲ့ဘာဆိုင်လဲ"

"ဟာငထက် နင်မေ့နေတာလား ဒီနေ့ငါ့မွေးနေ့လေဟာ"

တစ်ဦးတည်းသော သူငယ်ချင်းဖြစ်သူက သူမမွေးနေ့ကို မေ့ရကောင်းလားဟုပင်တွေးကာ စိတ်မကောင်းဖြစ်မိရပြန်သည်။

"ဟာ ဟုတ်သားပဲ ဆောရီးဟာ ငါမေ့နေတာ"

"နင်ကလေ အမြဲအဲ့လိုချည်းပဲ"

"အေးပါဟာ ငါတောင်းပန်တယ်ဟုတ်ပြီလား
ကဲပြော အခုနင်ဘယ်သွားပြီး ဘာလုပ်ချင်လဲ ငါလိုက်ခဲ့မယ်"

အလိုက်တသိချော့မြူလာသော ထက်မညန်ကြောင့် ရွှေစိတ်တော်မှာ မကောက်နိုင်ပဲ ကျေနပ်လိုက်ရပြန်သည်။

ချစ်ခြင်းဖြင့် ရစ်ဖွဲ့သောWhere stories live. Discover now