အခန်း(၂)-ဒေါသနှင့်ဖုံးလိုက်သောအမှန်တရား-

21 2 0
                                    


ထက်မာန်တစ်ယောက် မနေ့ကအဖြစ်အပျက်တစ်ခုလုံးကို မေ့မရပေ

သူမြတ်နိုးရသောလူသားသည် မိခင်ရဲ့မိတ်ဆွေဖြစ်သူ၏သားဖြစ်နေသည်ကိုပင်ကျေနပ်နေမိသလို ဖြစ်နိုင်ရင် ဒေါ်ဟေမာချိုတို့သားအမိကို အိမ်သို့အမြဲလာစေချင်နေမိသည်.

အတွေးနဲ့မြောနေစဉ် အခန်းနံရံပေါ်မှနာရီသို့ လှမ်းကြည့်မိတော့ မနက် ၈ နာရီ ဒီတိုင်းသာဆက်တွေးနေလျှင်ထက်မာန်ကျောင်းနောက်ကျတော့မည်မှာအမှန်ပင်

ထက်မာန် အိပ်ယာပေါ်မှကမန်းကတန်းထကာ ကျောင်းသွားဖို့ပြင်ဆင်ရတော့သည်..

"မာမီရေ ကျွန်တော်ဒီနေ့ကားယူသွားမယ် ကျောင်းနောက်ကျနေပြီ"

လှေကားပေါ်မှပြေးဆင်းလာရင်းမိခင်ဖြစ်သူအားအလျင်စလိုပြောလိုက်သည်

"သား မာန် မနက်စာစားသွားလေဪ ဒီကောင်လေးနှယ့်တော့"

ဒေါ်ကေသီပင်စကားမဆုံးသေး ထက်မာန်သည်ကားပေါ်သို့တက်နှင့်ပြီးသားဖြစ်လျက်.

အတန်းပထမအချိန်နောက်ကျနေမည်မှာ အသေအချာပင်ဖြစ်သောကြောင့် ဆည်းဆာ ထံဖုန်းဆက်၍ roll call ထိုးထားပေးရန် အကူအညီတောင်းရတော့မည်.

ဆည်းဆာ သည် အတန်းခေါင်းဆောင်ဖြစ်နေသည့်အတွက် ထိုကိစ္စသည်ပြဿနာတစ်ခုတော့မဟုတ်.

သို့သော်လည်း ထိုသို့ အကူအညီတောင်းတိုင်း ဆည်းဆာ ထံမှ ပူညံပူညံလုပ်သည်ကိုနားပူလောက်အောင် ခံရမည်ပင်ဖြစ်သည်..ထိုသို့နားပူတာကိုတော့ ထက်မာန် မခံနိုင်သောကြောင့် ဖုန်းမဆက်တော့ပဲ အတန်းချိန်သာအလွတ်ခံလိုက်တော့သည်

"ထက်မာန်ရေ ဒီတစ်နှစ်ပဲသည်းခံထားစမ်း နောက်နှစ်ဆို ဘွဲ့ရပြီ ကျောင်းသွားနေစရာမလိုတော့ဘူး"

ကားမောင်းရင်း တစ်ယောက်တည်းရေရွတ်နေတော့သည်

နောက်ဆုံးနှစ်ကျောင်းသားဖြစ်သည့်အပြင် ကျောင်းပြီးလျှင်လည်း မိခင်၏ကုမ္ပဏီ တွင် ဝင်ရောက်လုပ်ကိုင်ရမည်ဖြစ်သဖြင့်ထွေထွေထူးထူးစိတ်ပူနေစရာမလိုသည့်အတွက် ထက်မာန် အတွက် ကျောင်းပြီးရန်ကသာအဓိကဖြစ်နေသည်..

ချစ်ခြင်းဖြင့် ရစ်ဖွဲ့သောWhere stories live. Discover now