IWLYG - 15

1.5K 191 117
                                    

မိုးဖွဲဖွဲလေးထဲ ဆိုင်ကယ်ခပ်ကြမ်းကြမ်းမောင်းလိုက်သည့်အခါ ပြေးကပ်လာသည့် မိုးရေစက်တွေ၊ တိုးလာသည့် လေထုရဲ့ထိတွေ့မှုတွေကို ကျွန်တော်သဘောကျသော်ငြား အရှိန်နည်းနည်းမြန်လိုက်သည်နှင့် ခါးကိုပိုတိုး၍ ဖက်လာသော လက်တစုံနှင့် ကျောပြင်ဆီသို့ ကပ်ထားသည့် မျက်နှာတခုစီက အရမ်းမမောင်းရန် မပီဝိုးတဝါး ပြောလာသည့် လူတစ်ယောက်ကြောင့် တစ်သက်နဲ့တစ်ကိုယ် တခါမှမမောင်းဖူးသေးသည့် အရှိန်အနဲမျိုးဖြင့် မောင်းလာခဲ့တော့သည်။

ဆိုင်ရှေ့မှာ ထိုးရပ်ပြီးတဲ့နောက် ဘေးဘကျဆီသို့ ပြိုဆင်းသွားသည့် ခန္ဓာကိုယ်ကို လက်ဖြင့်နောက်ပြန်ထိန်းထားကာ ဆိုင်ကယ်ပေါ်မှ ဆင်းပြီးနောက်...

"ဆင်းတော့ ဒေါက်တာရှောင်းကျန့်..."

အသံလာရာ မျက်လုံးပြူးပြဲဖွင့်ကာ လှည့်ကြည့်လာပေမယ့် အသိစိတ်ကတော့ လွတ်နေပုံပင်။

"ဒီမှာ ခဏလေးရပ်နေနော် ကျွန်တော်ဆိုင်ကယ် သော့ခတ်လိုက်ဦးမယ်...။"

ဆိုင်ရှေ့တံခါးအနီး ဒေါက်တာရှောင်းကျန့်ကို ထားခဲ့ကာ ဆိုင်ကယ်သော့ခတ်ပြီးနောက် ပြန်လှည့်လိုက်သည့် တခဏ ကျွန်တော့်နှုတ်မှ ရယ်သံတစ်ချက် ထိန်းမရစွာထွက်သွားခဲ့သည်။

သူ့အိမ်ပြန်ရောက်နေသည်ဟု အမှတ်မှားနေသည့် ဒေါက်တာရှောင်းကျန့်က ကျွန်တော့်တံခါးသော့ခလောက်ကို သေချာကိုင်ကြည့်ကာ လျို့ဝှက်နံပါတ်နှိပ်ရန် ကြိုးစားနေခြင်းပင်။ မူးနေသည်မို့ ရှင်းပြမနေတော့ပဲ တံခါးသော့ဖွင့်၍ တွဲခေါ်ကာ အထဲသို့ဝင်ခဲ့သည်။ ညီအစ်ကိုနှစ်ယောက်တည်းသာ နေပြီး အခန်းတခန်းသာရှိတဲ့ အိမ်ငယ်လေးထဲ သူ့အတွက်သီးသန့်ပေးစရာ နေရာမရှိ။

ထို့ကြောင့် ကျွန်တော်အိပ်ရာပေါ်သာ လှဲစေလိုက်ကာ အကျီင်္စနဲ့ဘောင်းဘီစကို စမ်းကြည့်လိုက်တော့ မိုးဖွဲဖွဲထဲ ဖြတ်လာခဲ့ကြသည်မို့ စိုစိစိ ဖြစ်လို့နေသည်။ ဗီရိုထဲက လက်ရှည်တစ်ထည်ဆွဲထုတ်ကာ လဲပေးဖို့ စဉ်းစားလိုက်သော်လည်း ဘယ်ကစလဲပေးရမလဲ ကျွန်တော်မသိပေ။ ခဏအကြာမှာတော့ အကျီကြယ်သီးကို ဖြုတ်ရန်ကိုင်လိုက်သည်နှင့် အိပ်ရာပေါ် ငေါက်ခနဲထထိုင်လာသည့် ဒေါက်တာရှောင်းကျန့်က ကျွန်တော့်ကိုပါ တွန်းလိုက်သည်မို့ အနောက်သို့ ဖင်ထိုင်လျက်ပြုတ်ကျခဲ့ရသည်။

I Won't Let you goWhere stories live. Discover now