Part.8

879 82 1
                                    

Zawgyi

" ရိ​ပေါ်​လေး မပြီး​သေးဘူးလား "

" ခဏ​နေ ဆင်းလာခဲ့မယ်​ "

အားရီထွက်​သွားတာ ​သေချာတာနဲ့ တံခါးပိတ်​ပြီး အခန်းထဲပြန်​ဝင်​လာလိုက်​တယ်​။

" ဒါက ဘာလို့ဒီ​လောက်​​တောင်​ လုပ်​ရခက်​​နေတာလဲ "

လည်​ပင်း​ပေါ်က မီးခိုး​ရောင်​ နက်​တိုင်​ကို တင်းလိုက်​​လျှော့လိုက်​ လုပ်​​နေရတာတစ်​နာရီ​လောက်​ ရှိ​တော့မယ်​။
ကိုယ်​​ပေါ်မှာ ကွက်​တိကျ​နေတဲ့ အနက်​​ရောင်​ suitကလဲ တင်းတင်းကြပ်​ကြပ်​နဲ့ ​နေရတာသက်​​တောင့်​သက်​သာ မရှိသလိုပဲ။

အ​တွေး​တွေက ​တောင်​​ရောက်​​မြောက်​​ရောက်​နဲ့ အိပ်​မ​ပျော်​ခဲ့တာမို့ မျက်​လုံး​တွေကလဲ ကျိန်းစပ်​​နေပြီ။
ဝဲကျ​နေတဲ့ ဆံပင်​​တွေကို ဂျယ်​နဲ့သပ်​တင်​ပြီး မှန်​ထဲမှာ ကိုယ့်​ကိုယ့်​ကို ပြန်​မြင်မိ​တော့ စိုးရိမ်​မူ​ရော၊ စိတ်​လူပ်​ရှား​နေတာ​ရော
အလုံးလိုက်​ အရင်းလိုက်​ဝင်​လာပြန်​တယ်​။

ကျန့်​​ကောက ဘာလို့ သူ ချစ်​တယ်​ဖွင့်​​ပြောခဲ့တာ​တောင်​ နဲနဲမှ စိတ်​လူပ်​ရှားမူ မပြခဲ့တာလဲ?။
တကယ်​ဆို လက်​မခံရင်​​တောင်​မှ တစ်​ခုခု​တော့ အ​ဖြေပြန်​​ပေးခဲ့သင့်​တယ်​မလား။
စိတ်​ရူပ်​ရူပ်​နဲ့ ဆံပင်​​တွေထဲ လက်​​တွေပါထိုးဖွမိ​တော့ ပုံပျက်​သွားတဲ့ဆံပင်​ရယ်​၊ လက်​ထဲမှာပြန်​ကပ်​ပါလာတဲ့ ဂျယ်​​တွေက
သူစိတ်​လွတ်​​နေ​ကြောင်း ထပ်​ပြီးသတိ​ပေးတယ်​။

" ပါး "

အောက်​ထပ်​​ရောက်​​တော့ ဝတ်​စုံအပြည့်​နဲ့အားရီနှင့်​ပါးပါးက သူ့ကို​စောင့်​​နေပုံရတယ်​။ပြီး​တော့ ...
အိမ်​ကိုတစ်​ပတ်​တစ်​ခါ လာ​လေ့ရှိတဲ့ ဟွာချင်းဆိုတဲ့မိန်းက​လေး​ရော....

" သူက ဘာလာလုပ်​တာလဲ "

ပါးပါး​ရှေ့မှာပဲ ဂရူမစိုက်​သလို ပုံစံနဲ့ခတ်​ဆတ်​ဆတ်​ ​မေးလိုက်​​တော့ဟွာချင်းက မသိမသာ​ခေါင်း​ထောင်​လာတယ်​။

" ဟွာချင်းက အားရီဆီလာလည်​တာပါ "

သာမန်​ထက်​ အ​ရောင်​​တောက်​လွန်း​နေတဲ့ဝတ်​စုံက လာလည်​တယ်​ဆိုတာ မယုံချင်​စရာပဲ။
ဘာပဲ​ပြောပြော ဒါ​တွေက သူဂရူစိုက်​​နေရမယ့်​ အရာ​တွေမှမဟုတ်​တာ။
အရင်​သွားနှင့်​ပြီဆိုတဲ့ စကားနဲ့အတူ ဆင်​ဝင်​​အောက်​မှာ ရပ်​ထားတဲ့ကားဆီ ဝင်​ထိုင်​လိုက်​ရင်း တစ်​​ယောက်​တည်းပဲ
အ​ရှေ့က ထွက်​လာလိုက်​တယ်​။

Creation With You(season 1)(Completed)Where stories live. Discover now