Part.19

618 46 0
                                    

Zawgyi

လုပ်​ချင်​တာလုပ်​ဆိုပြီး ​ပြောခဲ့တဲ့​ကောင်​​လေးက သူကိုယ်​တိုင်​လဲ လုပ်​ချင်​တာ​တွေပဲလုပ်​​နေခဲ့တယ်​။
အထူးသဖြင့်​ ​ရှောင်​ကျန့်​ကိုအသိမ​ပေးဘဲ တခြားကုမ္ပဏီ​တွေအတွက်​ ​ကြော်​ညာစာချူပ်​ ချုပ်​လိုက်​တာမျိုး​တွေ။

မလုပ်​နဲ့လို့ ​ရှောင်​ကျန့်​တားပိုင်​ခွင့်​မရှိဘူး။လူငယ်​တစ်​​ယောက်​အ​နေနဲ့ ကိုယ့်​လွတ်​လပ်​ခွင့်​ကို အပြည့်​အဝအသုံးချနိုင်​တယ်​။
ဒါ​ပေမဲ့တစ်ခြား​မော်ဒယ်​​​​မင်းသမီး​တွေနဲ့ တစ်​တွဲတွဲဖြစ်​​နေတာကို​တော့ ​ရှောင်​ကျန့်​သ​ဘောမကျဘူး။

တစ်​ခြား actor​တွေလို ဝါရင့်​မင်းသားတစ်​​ယောက်​​တော့ မဟုတ်​​ပေမယ့်​ ရုပ်​ရည်​နှင့်​ အရည်​အချင်းအရ တစ်​ချို့လုပ်​ငန်းရှင်​​တွေက ရိ​ပေါ်ကိုမျက်​စိကျ​နေကြတယ်​။
ရိ​ပေါ်က ကျွန်​​တော်​တို့ကုမ္ပဏီနဲ့ပဲ စာချူပ်​ ချူပ်​ဆိုထားတာပါဆိုပြီး မသက်​ဆိုင်​​ပေမယ့်​ အ​နောက်​က​နေ ​ရှောင်​ကျန့်​က ကာကွယ်​​ပေးထားတယ်​။

ဒါကိုမသိတဲ့ တစ်​​ယောက်​​သောသူက​တော့ အရွဲ့တိုက်​ပြီးဆိုးပြတယ်​။
တစ်​လဆိုတဲ့ အချိန်​ကာလမှာ ရိ​ပေါ်လက်​ခံခဲ့တဲ့ brand​တော်​​တော်​များများး ရှိသလို ဒီရက်​​တွေအတွင်းမှာလည်း အလုပ်​ထဲမှာပဲ အချိန်​ကုန်​​နေတတ်​တယ်​။

သိသိကြီးနဲ့ ​ရောင့်​တက်​လာတာက ​ရှောင်​ကျန့်​လိုက်​ချူပ်​ချယ်​​နေတာကို မကြိုက်​ဘူးဆိုတဲ့သ​ဘော။
တစ်​ခါတစ်​​လေလဲ ဖြစ်​ချင်​ရာဖြစ်​ဆိုပြီး ​ရှောင်​ကျန့်​လွတ်​​ပေးထားတယ်​။

ရိ​ပေါ်နဲ့မျက်​နှာချင်းဆိုင်​ရမယ့်​ အလုပ်​​ကိစ္စ​တွေကို မန်​​နေဂျာ ဦး​လေးကျိုးဆီ အကုန်​လွှဲ​ပေးခဲ့တယ်​။
ဒီအ​ကြောင်း​တွေကို ရိ​ပေါ်သိ​တော့ ထုံးစံအတိုင်း သူ့နာမည်​ကို​အော်​​ခေါ်ပြီး အခန်းထဲမှာရှိတဲ့ပစ္စည်း​တွေကို ပစ်​​ပေါက်​ ၊
ပြီးရင်​ တစ်​ခုမဟုတ်​တစ်​ခုနဲ့ ကိုယ်​​ပေါ်မှာ ဒဏ်​ရာ ရ​အောင်​လုပ်​တယ်​။

နောက်​တစ်​​နေ့ကျ သူ့ဆီ​ရောက်​လာပြီး ​တောင်ပန်​စကား​တွေဆို​နေပြန်​​ရော။
သူ့လက်​ထဲမှာမှ စိတ်​ချရတယ်​ဆိုပြီး အပ်​ထားခဲ့တဲ့အားရီကို​တောင်​ ဘာပြန်​​ပြောရမှန်းမသိ​တော့ဘူး။

Creation With You(season 1)(Completed)Where stories live. Discover now