Part.28( Unicode)

571 27 2
                                    

စူးလွန်းတဲ့​နေ​ရောင်​ခြည်​တစ်​ချိူ့၊ မြင်​နေကျမဟုတ်​တဲ့မျက်​နှာကိက်​ဖြူဖြူ​တွေ အသိဝင်​လာတာနဲ့အတူ​ရှောင်​ကျန့်​က​ကြောက်​စိတ်​တွေဝင်​ရတယ်​။
​ဘေးဘီကိုလှည့်​ပတ်​ကြည့်​တော့ တစ်​ချက်​တစ်​ချက်​ကြားရတဲ့ နာရီသံ ခပ်​သဲ့သဲ့နှင့်​ပြောင်​ရှင်း​နေတဲ့အခန်းက သူ့ကိုကြိုတယ်​။

ဒီရက်​တွေအတွင်း မနက်​အ​စောကြီးနိုးတတ်​တာမို့ အချိန်​အားဖြင့်​နံနက်​၆နာရီ​လောက်​ရှိလိမ့်​မယ်​။
​ဘေးနားမှာ မီနာထား​ပေးခဲ့တဲ့​ရေဒီယို အ​ဟောင်း​လေးမရှိတဲ့အခါ ပုံမှန်​ထက်​တိတ်​ဆိတ်​နေတဲ့ ဒီ​နေရာကို​ရှောင်​ကျန့်​ရောက်​ဖူးတာ ပထမဆုံးအကြိမ်​ထင်​တယ်​။
ဘယ်​က​နေ ဘယ်​လိုဒီကို​ရောက်​လာခဲ့မှန်း​ရှောင်​ကျန့်​မသိပါ။

ပြီးခဲ့တဲ့အချိန်​တွေကို ပြန်​တွေးနိုင်​လောက်​တဲ့အထိ ထိုးကိုက်​နေဆဲဖြစ်​တဲ့​ခေါင်းက ဘာတစ်​ခုမှမမှတ်​မိနိုင်​ဖြစ်​နေတယ်​။
ကုတင်​အောက်​ကို​ခြေချမိတဲ့​ခြေ​တောက်​တွေနည်းတူ  လက်​တွေကပါ ဖြစ်​နေကျပုံစံအတိုင်းတုန်​ယင်​လာတယ်​။
ရက်​ပိုင်း​လောက်​ပဲ ရှိ​သေးတယ်​ဆို​ပေမယ့်​သူ..သူအဲဒီအရာကို လိုအပ်​နေပြီ။

ဒါ​ကြောင့်​မို့ ဟထားတဲ့တံခါးဝဆီ တစ်​လှမ်းချင်းအားတင်း​လျှောက်​ဖို့ ကြိုးစားလိုက်​ပေမယ့်​ဗုန်းခနဲလှဲကျသွားတဲ့ခန္ဓာကိုယ်​က သူ့စိတ်​ကိုအလိုမလိုက်​နိုင်​တော့။

"​ကော !! "

​ကောဆိုတဲ့အသံနဲ့အတူ အခန်းထဲ​ပြေးဝင်​လာသူက ရိ​ပေါ်။
အလင်း​ရောင်​ကို​နောက်​ခံထားပြီးကြည့်​နေရတာမို့ ရိ​ပေါ်မျက်​နှာကို မြင်​အောင်​သူမနည်းအားစိုက်​ကြည့်​နေရတယ်​၊၊
အရာအားလုံးဟာ​ဝေ​ဝေဝါးဝါး ပါပဲ။
အနား​ရောက်​လာပြီး သူ့ကိုဆတ်​ခနဲ​ကောက်​ပွေ့သွားတဲ့ရိ​ပေါ်​ကြောင့်​အခန်းပြင်​ရောက်​လာမှန်း​တော့ သူသိတယ်​။

"​နောက်​တစ်​ခါဆိုကျွန်​တော့်​ကို​ခေါ်လိုက်​ပါ...အခု​တော့မနက်​စာ အရင်​စားရ​အောင်​"

ဘယ်​လောက်​ပဲတည်​ငြိမ်​အောင်​ဟန်​ဆောင်​ထား​ပေမယ့်​အသံက​တော့ တုန်​ယင်​နေခဲ့ပုံပါပဲ။
ရိ​ပေါ်ကိုအပြစ်​မတင်​ရက်​ပေမယ့်​အခုချိန်​မှာ​တော့ သူဒီ​နေရာမှာမ​နေချင်​ဘူး။

Creation With You(season 1)(Completed)Hikayelerin yaşadığı yer. Şimdi keşfedin