Kind of

65 9 2
                                    

" ဒီနေ့ကိုယ် Pasta လုပ်ထားတယ်။ အပြောင်းအလဲလေးဖြစ်အောင် စားပါလား။ အဆင်မပြေရင် ထမင်းကြော်တော့ရှိတယ်။ "

" အဲ့ဒါဆို Pasta စားတာပေါ့။ အာဒမ်ချက်တာလား "

"အွန်း.. ကိုယ့်သူငယ်ချင်းက ဒါမျိုးတွေကျွမ်းတယ်လေ။ သူ့ဆီကပြန်သင်ထားရတာ"

" ဪ.. "

ကာရန့်ရှေ့မှာ နွားနို့ရယ်ချိစ်ရယ်နဲ့ချက်ထားတဲ့ Carbonara Pasta ရှိနေတယ်။ Bacon လေးတွေလဲပါရဲ့။

"ဒီနေ့ ကာရန်အားတယ်ဆိုရင် ကိုယ်နဲ့အပြင်လိုက်လည်ပါလား။ ကိုယ်အိမ်မှာနေရမှာပျင်းလို့လေ.. တစ်ယောက်ထဲသွားဖို့ကျတော့လဲ အဖော်မရှိတော့ ပျော်ဖို့မကောင်းဘူး"

".. .."

" လိုက်ခဲ့ပါ.. နော်။ ကိုယ်သွားဖို့ နေရာတွေတောင် သေချာရှာထားတာ"

ကာရန် ပါစတာကိုခက်ရင်းနဲ့မွှေနေရင်း စဉ်းစားနေမိတယ်။ တကယ်က အပြင်ထွက်ဖို့ လုံးဝဝါသနာမပါဘူးလေ။ ဒါပေမဲ့ .. ..

" သွားကြတာပေါ့။ ကျွန်တော်လဲအားနေတာပဲ"

နှုတ်ခမ်းတစ်ဖက်နဲ့ပြုံးတတ်တဲ့ ကာရန့်အကျင့်အတိုင်း ပြုံးပြီးပြောတော့ အာဒမ်သွားတွေမြင်အောင်ပြန်ပြုံးပြလေရဲ့။

အဲ့မနက်က အာဒမ်လုပ်ပေးတဲ့ပါစတာ တကယ်စားကောင်းခဲ့ပါတယ်။

%%%^^^***

ကာနေးရှင်းပန်းလေးကို ချထားလိုက်ပြီး ဂူပေါ်ကဓါတ်ပုံလေးကိုကြည့်လိုက်တယ်။ လရောင်ရဲ့ပုံစံအတိုင်းပဲ။ နွေးနွေးထွေးထွေးနဲ့ မျက်လုံးတွေပိတ်အောင်ပြုံးပြနေတာလေ။

".. မတွေ့ရတာကြာလို့လားမသိဘူး။ နင့်ကိုပိုပိုသတိရလာတယ်။ ဒီနေ့တော့ နေသာနေတာ ချွေးတပြိုက်ပြိုက်ပဲ။ ငါလဲ အားနေတာနဲ့ နင့်ဆီကိုရောက်လာတာ။"

ကောင်မလေးပြောတဲ့အတိုင်း နေမင်းကြီးကဝင်းထိန်လို့။ မြန်မာနိုင်ငံရဲ့ အပူချိန်အတိုင်း ပုံမှန်ပူလွန်းတဲ့နေ့တစ်နေ့ပေါ့။

" တစ်ယောက်ယောက်နဲ့ လျှောက်လည်ဖို့ကျတော့လဲ ငါ့အနားမှာ သူငယ်ချင်းမှမရှိတာ။ အဲ့တော့ထုံးစံအတိုင်း နင့်ဆီပဲရောက်လာပြီး နားပူအောင်ဒုက္ခပေးဖို့ကလွဲ ဘာလုပ်ရမလဲမသိဘူး။

Moonlight in your silent night Where stories live. Discover now