( Some parts might be disturbed you. This episode has some mental illness issues. Read at your own risk ⚠️)
ရှုတင်ကနေပြန်လာတော့ လေကောင်းလေသန့်ရအောင် ဝရန်တာဆီဦးတည်လိုက်မိတယ်။ ဧကရီ့အခန်းက ဝရန်တာနဲ့ဆက်လျက်ဆိုတော့ အခန်းအပြင်ကိုထွက်ထွက်ချင်းမှာပဲ ဖြည်းဖြည်းချင်းတိုက်နေတဲ့လေက အေးသွားတာပဲ။
ဘေးအိမ်ကို ကြည့်မိတော့ ဖွင့်ထားတဲ့ပြတင်းပေါက်ကနေ မြင်လိုက်ရတာက မျက်မှန်ကြီးတပ်ပြီး လပ်တော့ပ်ရှေ့အလုပ်လုပ်နေတဲ့ ကောင်ချောလေး။
အိမ်ထဲမှာမို့လို့နေပါရဲ့။ မဲမှောင်နေတဲ့ဆံပင်တွေက ဖြူဖွေးနေတဲ့မျက်နှာပေါ်မှာ မျက်ခုံးတွေကိုတောင်ဖုံးလို့။ တင်းတင်းစေ့ထားတဲ့ နှုတ်ခမ်းတွေက ထုံးစံအတိုင်း။
မျက်မှောင်ကြုတ်ထားပြီး အလိုမကျတဲ့ပုံကအထင်းသား။ ဘာတွေအဆင်မပြေတာလဲရှင်ရယ်။ တစ်ခါတစ်လေတော့လည်း ပြုံးပြကြည့်ပါလား။
ကြည့်နေရင်းကနေ သူကညောင်းလာလို့ထင်ပါရဲ့။ ထိုင်ခုံကနေရွှေ့သွားတော့ ပြတင်းပေါက်ကနေလည်း မမြင်နိုင်တော့။ နေပါဦး.. တွန့်တိုလိုက်တာ။ ငေးကြည့်ခွင့်လေးတောင် မပေးချင်ဘူးလားရှင်။
ပြသနာပဲ.. ကျွန်မတော့ တော်တော်စွဲလန်းနေပြီပဲ Louie Lune။ ဘယ်တုန်းကမှ ဒီလိုမျိုး လူတစ်ယောက်ကို ငေးမကြည့်ဖူးတဲ့ ထားဧကရီလေ။
သူမရှိလဲ ပြတင်းပေါက်လေးကို ထိုင်ကြည့်မိနေတုန်း..
€€€£££¥¥¥
အစည်းအဝေးပြီးသွားတော့ ရုံးဆင်းတဲ့အချိန်နဲ့ ကွက်တိ။ ဘက်စ်ကားစောင့်နေတုန်း မိုးကရုတ်တရက်ကြီးရွာချလာတယ်။ ညချမ်းမှာ ထီးမပါဘူးမဟုတ်လား။
စောင့်နေရတဲ့နေရာကလဲ ဘေးနားကသစ်ပင်ကလွဲ အမိုးရှိတဲ့နေရာကမရှိ။ တကယ် ငိုချင်လာမိတာပဲ။ ကောင်းကင်ပေါ်ကနေ မိုးစက်လေးတွေဟာ တစ်စက်၊ နှစ်စက်.. အဲ့ဒီကနေ အများအပြားပြိုချလာလေပါရော။
ကံဆိုးမ,သွားရာ မိုးလိုက်လို့ရွာ ဆိုတဲ့စကားပုံအတိုင်း ဖြစ်နေပြီလား။ မိုးနတ်မင်းကြီးရယ် ငိုချင်ရဲ့ လက်တို့နေတာလား။
YOU ARE READING
Moonlight in your silent night
General Fictionပထမဆုံးရေးကြည့်တဲ့ Fiction လေးပါ။review လည်းကောင်းကောင်းမရေးတတ်လို့ မရေးတော့ပါဘူး။