First Party

76 10 2
                                    

" Oh mon Dieu " ( အိုး မွန်ဒျူး) ဘုရားသခင်လို့ Stylist ကတိုးတိုးလေးရေရွတ်တာကို လျွန်ကြားလိုက်တော့ စိတ်ထဲရယ်ချင်သွားတယ်။

Stylist ကတော့ ဆံပင်ကိုအပြောင်သိမ်းပြီး စည်းထားတဲ့ ညချမ်းကိုကြည့်ပြီး ဘယ်ကစလို့ စ,ရမှန်းမသိ။ အပြာနုရောင် မိန်းမဝတ်Suit ကိုဝတ်ထားတဲ့ညချမ်း ဖိနပ်ကျအဖြူသက်သက်။

" Est-ce que ça va " မင်းအဆင်ပြေရဲ့လားလို့ လျွန်ကမေးတော့ "ouais" အင်းလို့တော့ပြန်ဖြေသား။ တစ်ခုခုကိုနင်နေတဲ့ အသံမျိုးနဲ့ပေါ့။

လျွန်လည်း ညချမ်းကိုလှမ်းကြည့်လိုက်ပြီး
" ကိုယ်နဲ့တွဲတက်ရမှာဆိုတော့ နည်းနည်းပြင်ရုံပါ။ ညချမ်းအချိန်ဖဲ့ပေးလို့ Bonus လဲပေးမှာ။ အဲ့ဒါဆို ကိုယ်လဲ ပြင်ဆင်ဖို့ သွားဦးမယ်။ ပြီးမှတွေ့ကြတာပေါ့။"

ညချမ်းလည်း ခေါင်းသာငြိမ့်ပြလိုက်ရတယ် အခုထိကြောင်တုန်း။ အေးလေ Secretary ဆိုတော့လဲ ပြင်ပြင်ဆင်ဆင်လေးနေသင့်တာပေါ့။ ငါမတွေးမိတာ။

စည်းထားတဲ့ ဆံပင်တွေကို Stylist ကသေချာကြည့်ပြီး
" Well, don't worry. I can handle you. Let's start! "

%%%^^^***

" Suit ဝတ်ရတာ နေသားမကျသေးလို့နေမှာ။ မကြာမကြာဝတ်ပေးရင်အဆင်ပြေသွားမှာပေါ့။"

"ဒါပေမဲ့ အာဒမ်လည်းသိတဲ့အတိုင်း မြန်မာနိုင်ငံရဲ့ရာသီဥတုအခြေအနေက အဲ့လိုပူပူလောင်လောင်အင်္ကျီတွေနဲ့ မကိုက်ဘူးလေ။"

ကာရန်ပြောတာလည်းမှန်တာပဲ။ အခုအင်္ကျီလေး ထပ်ဝတ်တာတောင် ချွေးကတပြိုက်ပြိုက်ကျနေပြီ။

" ကျွန်တော်မလိုက်လို့ မရဘူးလား။ ပြောရရင်အဲ့ဒီကလူတွေနဲ့ ကျွန်တော်သိတာလည်းမဟုတ်ပဲနဲ့။"

" လိုက်ခဲ့ပါကွာ။ ကိုယ်လဲ ဘယ်သူနဲ့မှသိတာမဟုတ်ဘူး။ ဒါပေမဲ့ လျွန်နဲ့မင်းကိုမိတ်ဆက်ပေးချင်လို့။ "

အာဒမ့်သူငယ်ချင်းဆိုလို့သာ လိုက်မယ်လို့ပြောခဲ့တာ။ ကာရန့်စိတ်အတိုင်းဆို အိမ်ထဲကအိမ်ပြင်တောင်ထွက်ချင်တာမဟုတ်ဘူးလေ။ အွန်း.. သူတို့Band ကိုငှားတာဆိုရင်တော့ တစ်မျိုးပေါ့။

အာဒမ်ကလည်း သူ့အခြေအနေကိုသိလို့ အိမ်ထဲကအိမ်ပြင်မထွက်ထွက်အောင် တနည်းနည်းနဲ့ ကြိုးစားနေတာ။အိမ်ထဲမှာသာဆက်နေနေရင် ကာရန့်အခြေအနေကပိုကောင်းလာဖို့ထက် ပိုဆိုးဖို့က ရာခိုင်နှုန်းများနေတာ အသေအချာပဲလေ။

Moonlight in your silent night Where stories live. Discover now