(Unicode)လင်းခန့်တယောက် တော်တော်စိတ်ညစ်သွားရလေသည်..
ဖြစ်ပုံကိုလဲ ကြည့်ပါအုံး...
တီချယ်ခိုင်းထားသည့် project က ပြီးခါနီးမှ ပြုတ်ကျကုန်တာ
ကြောင့် အကုန်စုတ်ပြုတ်သတ်လေပြီ..နာရီကိုကြည့်လိုက်တော့လဲ ကျောင်းဆင်းချိန်လွန်လို့ ညနေ ငါးနာရီထိုးခါနီးနေပြီ..မနက်ဖြန် စနေနေ့မို့ အပြီးလုပ်မယ်ဆိုပြီး စိတ်ကူးထားသမျှ အကုန်ရေစုန်မျောရလေပြီ..."ဂါး.... ငါဆိုသည်မှာလဲ အတော့်ကို နမော်နမဲ့ နိုင်ပါလားနော်..ဟူး''
လင်းခန့်တယောက် ငြီးတွားရင်း ကိုယ့်ကိုကိုယ်သာ အပြစ်တင်မိလိုက်သည်။
သူ လုပ်နေသည့် project က Fine Arts Concert မှာ ပြဖို့အတွက် တောထဲက ရေတံခွန် ပုံစံငယ် ဖြစ်လေသည်.. ခုတော့ ရေ နဲ့ အစမ်းလုပ်ကြည့်ရင်း နမော်နမဲ့ နိုင်လွန်းသောသူ့ကြောင့် တဖက်စောင်းသွားပြီး အကုန်ကျပါလေရော....
မတတ်နိုင်တော့ အစကနေသာ ပြန်လုပ်ကြည့်ရတော့မှာပါပဲ...အပြင်ကို ထွက်ကြည့်လိုက်တော့ တယောက်မျှ မတွေ့ရတော့... ပြန်ကုန်ကြပြီ ထင်ပါရဲ့...
security ဦးလေးကြီးတယောက်ကိုသာ တွေ့မိတော့...
"ဟာ...ဆရာလေး မပြန်သေးဘူးလား..."
"မပြန်နိုင်သေးဘူး ဦးလေးရေး... Concert အတွက် လုပ်နေရလို့ဗျို့... "
"ဟုတ် ဟုတ် ဆရာလေး..
ဆရာလေး ပြန်ရင်သာ ကျနော့်ကို လှမ်းခေါ်လိုက်နော့်...ကျနော် ထမင်းချက်လိုက်အုံးမယ်..ဆရာလေးရော ဆာရင် လာစားပါအုံး...''
" ကျေးဇူးပါဗျာ.. ဒါဆို ကျနော် လဲ လတ်စသတ်လိုက်အုံးမယ် ဦးလေးရေး"ပြောရင်း ထွက်သွားသော ဦးလေးကြီးရဲ့ နောက်ကျောကို ကြည့်ရင်း...
"ကိုင်း... ဒီညတော့ မပြန်ပါလေနဲ့အုံးလေ... Fighting လင်းခန့်ရေး..ကိုယ့်အပြစ်နဲ့ကိုယ် ခံလိုက်စမ်းဟ"
ကိုယ့်ဟာကိုယ် အားပေးရင်း သူ project ထဲ စိတ်ပြန်နှစ်လိုက်ပြီး သေချာ အစကနေ ပြန်ပြုပြင်လိုက်တော့..
About 3hr later. ..
"ဟူး... မဆိုးဘူး.... Monday ကျမှ color ထပ်ဖြည့်တော့မယ်..
အား.... ညောင်းချက်ဘဲ "တကိုယ်တည်း ရေရွတ်ရင်း ခါးဆန့်လိုက်မိလေသည်... တဆတ်တည်း ဖုန်းကို ယူရင်း Fb ကို Checking လုပ်တော့ တက်လာသည့် post တခုကို မြင်လိုက်ရသောအခါ.....
YOU ARE READING
Me and the other world (The Elevator)
Mystery / Thrillerတကယ်လို့များ သူသာ နမော်နမဲ့ မနိုင်ခဲ့မိရင်... တကယ်လို့များ သူသာ အိမ်ကို စောစောပြန်ခဲ့မိရင် ... အရာရာဟာ မနေ့ကလို အေးဆေး ဖြစ်နေလိမ့်မယ် ထင်ပါရဲ့... ခုတော့... ဟိုးအမှောင်ထုကြီးထဲ သူဟာ တဖြေးဖြေးချင်း လှိမ့်ဆင်းကြွေကျ... လိပ်ပြာတောင်ပံခတ်သံတွေကြားမှာ တကယ...