Part3

312 46 7
                                    

(Unicode)

ဟိုးအဝေးကနေ လှမ်းခေါ်နေသလို အသံတချို့ က သူ့နားထဲသို့ ခပ်ဝါးဝါး တိုးဝင်လာတာကြောင့် အသိစိတ်တချို့ ကို သူ ပြန်စုစည်းမိလိုက်လေသည်။

"အား...ကျစ် ကျစ် "

အားယူရင်း ထကြည့်မိတော့ ဆစ်ကနဲ သူ့ ခေါင်းက နာကျင်လာရသည်။
အမြင်အာရုံတွေကတော့ စမ်းတဝါးဝါး ရှိနေဆဲ... မျက်လုံးကို ကြိုးစားဖွင့်ကြည့်မိတော့ ခပ်စူးစူး အလင်းရောင်ကြောင့် လက်နှင့်အမြန်ကာလိုက်ရသည် ။

"ငါ ဘာဖြစ်သွားတာလဲ "

အတွေးထဲ ပေါ်လာသော စကားတခွန်းနှင့်အတူ ခပ်ရှရှ စကားသံက ဘေးနားဆီမှ လွင့်ပြန်လာတော့ ကြောက်လန့်တကြားတကြား သူ လှမ်းကြည့်မိသည်။

" ဟင်... မင်း... မင်း "

သူ့ဘေးက တစုံတယောက် ကို မြင်မိလိုက်မှ ဖြစ်ပျက်သမျှ အရာအားလုံးကို မှတ်မိလာအောင် သူ့ဦးနှောက်က ပြန်စုစည်းပေးလိုက်သလို...

"အဆင်ပြေရဲ့လား အကိုရယ်... မေ ဖြင့် လန့်သွားတာပဲရှင်"

နှင်းဆီရောင် ခပ်ဖူးဖူးနှုတ်ခမ်းတစ်စုံမှ ထွက်ကျလာသော ခပ်ရှရှ စကားလုံးတွေက သာမန်အချိန်မှာဆို သူ ငေးမောမိနေမှာ အသေအချာ...
ခုချိန်မှာတော့ သေမင်းနှုတ်ခမ်းဝထဲ ရောက်နေရသလို လင်းခန့် စိတ်တွေ
ကယောင်ချောက်ခြားနှင့်ပင် အထစ်ထစ်အငေါ့ငေါ့ ထွက်ကျလာတော့သည်...

"မင်း... မင်းက ဓာတ်...ဓာတ်လှေကား မှာ...မှာ..."

သူ လက်ညိုးထိုးရင်း ပြောတော့ သူမ မျက်နှာပေါ်မှာ အပြုံးတွေ ပွင့်လန်းသွားရင်း

"အင်း...ဟုတ်တယ်လေ... အကိုနဲ့အတူတူ ဓာတ်လှေကား ထဲ ရှိနေတာလေ... ဒါနဲ့ နေပါအုံး.. အကို့ပုံစံ က မေ့ကို ကြောက်နေသလိုကြီး...အကိုတကယ်ကော အဆင်ပြေရဲ့လားဟင် "

ပြုံးနေရင်းမှ စိတ်ပူပန်သလို ပုံရိပ်တချို့ သူမ မျက်နှာပေါ်မှာ တွေ့လိုက်ရတော့ သူ့စိတ်ထဲ ဇဝေဇဝါ...သူမ ပုံစံက သက်ရှိလူသားတယောက် ပကတိ...

ငါပဲ အထင်မှားနေမိတာလား... ကစားနည်းက အသက်မဝင်တာလား...

သို့လော သို့လော အတွေးများစွာဖြင့် လင်းခန့်တယောက် ကြောက်စိတ်တွေကို မေ့သွားရပါတော့သည်...

Me and the other world (The Elevator)Where stories live. Discover now