(Unicode)မြင်လိုက်ရသော မြင်ကွင်းကြောင့် သူ မှင်သက်သွားမိလေသည်...
ထူးဆန်းလွန်းတာထက် မယုံကြည်နိုင်မှုတွေကြောင့် သူ့မျက်လုံးတွေကို ပွတ်သပ်ကြည့်ရင်း ပြန်ကြည့်မိပြန်တော့ မြင်ကွင်းက ပြောင်းလဲမသွား....
ဟုတ်ပါသည်.. လင်းခန့်မြင်နေရသည်က ကြီးမားလှသော လိပ်ပြာကြီးများ (အများအခေါ် ဆင်လိပ်ပြာ) ဟိုမှသည်မှ ပျံဝဲနေကြလေသည်...
သို့ပေမယ့် သူမြင်ဖူးနေကျ ဆင်လိပ်ပြာများနှင့်တော့ လုံးဝမတူသလို တချက်တချက် တောင်ပံခတ်လိုက်တိုင်း ပေါ်လာသော အရိုးခေါင်းမျက်နှာလိုလို တောင်ပံများကြောင့် သူ့စိတ်ထဲ မသိုးမသန့်..."ဒါပေမယ့် ငါကြားရတာက စကားပြောသံလိုလိုပါ..ခုက ဘယ်ကဘယ်လို...
ပြီးတော့.. ဒီလောက် လိပ်ပြာအများကြီး ဒီထဲ ဘယ်ကရောက်လာကြတာလဲ "လင်းခန့်တယောက် ရှုပ်ထွေးမှုတွေကြောင့် စဉ်းစားမရ ဖြစ်နေခိုက် တဖြေးဖြေးပြောင်းလဲလာသလို ဖြစ်လာသော အခြေအနေတခုကြောင့် ကြက်သီးတွေပါ ထမိသွားလေကာ... ဘာမျှ မစဉ်းစားတော့ဘဲ ဓာတ်လှေကား ရှိရာသို့ ပြန်လည်ဦးတည်လိုက်လေသည်...
လိပ်ပြာများက တဖြေးဖြေးပျောက်ကွယ်လာသလိုလိုဖြစ်လာကာ မြူခိုး များက နေရာယူလာသလိုဖြစ်လာသော အခြေအနေကြောင့် ပတ်ဝန်းကျင်တခုလုံး မှောင်ရိပ်သန်းလာသလိုလို...
သူ့နောက်ကျောကို မျက်လုံးပေါင်းများစွာကပဲ စိုက်ကြည့်နေသလိုလို ခံစားမှုကြီးက ကြက်သီးထစရာ...
ဓာတ်လှေကား ရှေ့ရောက်တော့ မပီဝိုးတဝါး အသံများကို သူပြန်လည် ကြားလိုက်ရတော့ ပို၍ပင် ကြောက်စိတ်က ဝင်လာသလိုလို...
သို့ရာတွင် ပုံပျက်ပန်းပျက် ဖြစ်ရလောက်အောင် အခြောက်ခံရတာမျိုး မဟုတ်သဖြင့် နဲနဲတော့ စိတ်သက်သာရာ ရမိလေသည်...."ဟူး... ဆော့က မဆော့ရသေးဘူး...ကြုံနေရတာတွေက ထူးဆန်းလွန်းနေပြီ.."
တကိုယ်တည်းရေရွတ်ရင်း သူ ဆော့ရမည့် အချက်တွေကို ပြန်လည် ဖတ်ကြည့်မိလေသည်..
....အင်း ပထမဆုံးလုပ်ရမှာက 1st floor ကနေ စရမှာပဲ ''ထို့ကြောင့် သူ ပထမထပ်သို့ ပြန်လည်ဆင်းရင်း .
သူ၏ Game အား စတင်လိုက်လေတော့သည်..
ပတ်ဝန်းကျင် ကတော့ ခုနက အခြေအနေနှင့် မသက်ဆိုင်တော့သလို တိတ်တိတ်ဆိတ်ဆိတ်...
YOU ARE READING
Me and the other world (The Elevator)
Misterio / Suspensoတကယ်လို့များ သူသာ နမော်နမဲ့ မနိုင်ခဲ့မိရင်... တကယ်လို့များ သူသာ အိမ်ကို စောစောပြန်ခဲ့မိရင် ... အရာရာဟာ မနေ့ကလို အေးဆေး ဖြစ်နေလိမ့်မယ် ထင်ပါရဲ့... ခုတော့... ဟိုးအမှောင်ထုကြီးထဲ သူဟာ တဖြေးဖြေးချင်း လှိမ့်ဆင်းကြွေကျ... လိပ်ပြာတောင်ပံခတ်သံတွေကြားမှာ တကယ...