Part A (zawgyi)

1.1K 71 2
                                    

------------------

“လမ်းခွဲရအောင်”

စကားဆိုလာသူ ပျိုချောမဒီက မင်းစေနိုင်အောင်၏ ခြောက်‌ယောက်မြောက်ရည်းစား မေ‌ချောယုဆိုသည့် ကလေးနှမပင်။ သူ့အတွက်ကတော့ လမ်းခွဲရခြင်းထုံးစံလို ဖြစ်နေပြီမို့ ဒီတစ်ယောက်ကရော ဘာအကြောင်းအရာနဲ့ ပတ်သတ်ပြီး သူ့ကို မကျေနပ်လို့ လမ်းခွဲချင်ရတာလဲ။

ပထမဆုံး ရည်းစားဦးလေးကတော့ အချစ်ကို အရေးမထားလို့ လမ်းခွဲသတဲ့။ အချစ်ကို အလေးထားဖို့ နေနေသာသာ အချစ်ဆိုတာ ဖြူသလား မည်းသလားတောင် သူမသိဘူး။ ဒီလိုနဲ့ပဲ ပြတ်သွားခဲ့ကြတယ်။

အချော့ကြိုက်တဲ့ ဒုတိယမြောက်ရည်းစားလေးကတော့ စိတ်ဆိုးနေတာကို သူက ချော့ဖို့ မေ့နေတာနဲ့ပဲ ဘယ်အချိန် ပြတ်သွားလဲ မသိတော့ဘူး။ သူတို့က ကံအဆိုးဆုံးတော့ မဟုတ်ခဲ့ဘူး။

ကျန်တဲ့ရည်းစားတွေဆို လမ်းမှာတွေ့ရင်တောင် တွဲခဲ့ဖူးသလား မမှတ်မိတော့ဘူး။

သူ့အသက် ၃၀ရှိပြီ။ အခုထိ အမေ့ကိုတွေ့ဖို့ အိမ်ခေါ်ပြနိုင်မယ့် ချွေးမတစ်ယောက်ကို ရှာမတွေ့နိုင်သေးဘူး။ အခုလည်းတစ်‌ယောက်က လမ်းခွဲစကားပြောနေတာကို သူက ဆေးလိပ်သောက် မပျက်ဘူး။

“ရှင်က ဘယ်တော့မှ အချစ်နဲ့ပတ်သတ်ရင် ရင့်ကျက်လာမှာ မဟုတ်ဘူး။ ကျွန်မလည်း ဒီလောက်ထိပဲ သည်းခံနိုင်တယ်။ ရှင် မချစ်တတ်ဘဲနဲ့ ချစ်တယ်ဆိုတဲ့ စကားကို နောက်တစ်ခါ မပြောမိစေနဲ့”

“အွန်း ဟုတ်ပြီ။ ကိုယ်မှတ်ထားပါ့မယ်”

မိန်းကလေးတွေ ဒေါသထွက်လာရင် လိုတာထက် စကားပို‌ပြောကြတယ်။ ကိုယ်မချစ်တတ်လို့ ချစ်တတ်အောင် ရည်းစားထားကြည့်လည်း ဘယ်သူမှ ချစ်တတ်လာအောင် သင်ပေးဖို့တော့ စိတ်ကူးရှိပုံ မပေါ်ဘူး။ လူတွေက ခက်တယ်။ အဆင်သင့် ဖြစ်နေတာတွေကိုပဲ ပိုကြိုက်ကြတယ်။ ထုံနေတဲ့ သူ့နှလုံးသားကတော့ အချစ်ကို ရှာတွေ့ဖို့ လမ်းမမြင်တော့ဘူး။

ဆေးလိပ်ကုန်သွားတော့မှ ဆိုင်ထဲကနေ သူပြန်ထွက်လာခဲ့တယ်။ မနက်ဖြန်က သူ့အမေ မွေးနေ့ပဲ။ သေချာတာကတော့ သူသူ့အမေကိုချစ်တယ်။ ချစ်သူကိုတော့ မချစ်တတ်ဘူးတဲ့။ ဘာတွေများ ကွာခြားနေလို့လဲ။ စဉ်းစားစရာပဲ။

မင်းနဲ့တွေ့မှ ချစ်တတ်တာ ( မင်းနဲ့တွေ့မှ ချစ်တတ်တာ)Where stories live. Discover now