Part B ending

2.5K 381 12
                                    

“ကိုဒီပါဦးမှာ ချစ်သူရှိလား”

ဆေးရုံလိုက်စောင့်ရင်း ရုံးအကူမလေး နွယ်နွယ်က မေးလာတော့ လိုအပ်တဲ့ပစ္စည်းတွေ ဝယ်ဖို့စာရင်းတွေ တွက်နေရင်း သူ့ခေါင်းကိုထောင်ကြည့်မိသည်။ ဒီပါဦးလည်း ဒီနှစ်ဆို အသက်သုံးဆယ် ပြည့်ပြီပဲ။ ချစ်ရမယ့်သူ တစ်ဦးဦးတော့ ရှိနေလောက်ပါပြီ။

“ဟင့်အင်း တစ်ခါမှကို မထားဖူးဘူး”

“ဟမ် ဖြစ်နိုင်လို့လား၊  ကိုဒီပါလို ရုပ်ရည်အရည်အချင်းနဲ့ ကြိုက်မယ့်လူ မရှိဘူးဆို‌တာတော့ မဖြစ်နိုင်ဘူး”
ပြန်တွေးကြည့်တော့လည်း ဖြစ်နိုင်ပါတယ်။ ဒီပါဦးလို ဘုကလန့်ကောင်ကို ကြိုက်ရဲတဲ့သူကိုတော့ ချီးကျူးမိမှာပဲ။
မင်းစေနိုင်အောင် တွေးရင်း ပြုံးလိုက်မိသည်။ ဒီပါဦးမှာ ရည်းစားမရှိတာကိုပဲ သူကပျော်နေမိပြန်သည်။ မဟုတ်ရင် လူ့ဂွစာတောင် ရည်းစားရပြီး သူက ရည်းစားတိုင်းနဲ့ အခုထိ မမြဲဘူးဆိုတာ ရယ်ဖို့ကောင်းလွန်း နေတယ်မဟုတ်လား။

“ဘာလဲ ကြိုက်တဲ့ကောင်မလေးက ပြန်မကြိုက်လို့လား”

အဲ့ဒီမေးခွန်းကို မင်းစေနိုင်အောင်လည်း စိတ်ဝင်စားတာကြောင့် ဒီပါဦးကို အကြည့်မှာပဲ သူ့ကို ပြန်ကြည့်နေတဲ့ ဒီပါဦးနှင့် မျက်လုံးချင်းစုံမိသွားခဲ့သည်။ ရင်ထဲက ထိတ်ခနဲ အကြည့်ကို ချက်ချင်းလွှဲလိုက်မိသည်။ သူ့နည်းတူ ဒီပါဦးကလည်း ခေါင်းပြန်ငုံံ့သွားသည်ကို မျက်ဝန်းထောင့်မှ မြင်လိုက်ရသေးသည်။

“ဒီလိုပါပဲ”

ဒီပါဦး၏အသံက တိုးတိုးလေး ဖြစ်ပေမယ့် သူ့ရင်ထဲမှာ အမည်မသိတဲ့ ခံစားချက်တစ်မျိုး ခိုအောင်းသွားတာကို သတိထားမိလိုက်သည်။

“သေချာပါပြီ တစ်ဖက်သတ်ကြိုက်နေတဲ့ ကောင်မလေးက ပြန်မကြိုက်ဘူးမလား”

သူ၏အဖြေကို ဆက်လက်မျှော်နေခဲ့ပေမယ့် ဒီပါဦးကတော့ အဖြေပြန်မလာခဲ့ပါချေ။

“မိနွယ် နင်လုပ်စရာမရှိ အရမ်းအားနေရင် မနက်ဖြန်ဆိုက်ထဲက လူတွေအတွက် နေ့လည်စာ သွားစီစဉ်ပေးထားလိုက်၊ ငါ့ကို အရည်မရအဖတ်မရတွေ လာမေးမနေနဲ့။
နွယ်နွယ်က မဆီမဆိုင် အဟောက်ခံလိုက်ရတော့ နှုတ်ခမ်းဆူသွားသည်။

မင်းနဲ့တွေ့မှ ချစ်တတ်တာ ( မင်းနဲ့တွေ့မှ ချစ်တတ်တာ)Where stories live. Discover now