Huang

317 25 0
                                    

We got that Boom Boom Boom Boom Boom...
ဖုန်းမြည်သံကြောင့် နိုးလာသော ကျွန်တော်
“အာ... စောစောစီးစီး ဘယ်သူဖုန်းခေါ်တာလဲကွာ”လို့ ရေရွတ်ရင်း ဖုန်းအား ကိုင်လိုက်သည်။
“Hello ပြော”
“အေ ဟေ့ရောင် ‌မင်းတွေ့ပြီးပြီလား”
“ဘာကိုလဲ”
“ငါတို့ ဒီနေ့ကစပြီး ကျောင်းတွေ ပိတ်သွားပြီဆိုတာလေ စာမေးပွဲလည်း မဖြေရတော့ဘူးတဲ့”
YangYang ပြောတဲ့ စကားကြောင့် ကျွန်တော့မှာ မျက်လုံးပြူးသွားသည်။
“ဟမ် တကယ်ကြီးလား” လို့ မေးရင်း facebook ထဲ မြန်မြန်ဝင်ကြည့်လိုက်သည်။
တွေ့လိုက်ရသည်ကား ကိုဗစ်တွေ့ရှိသဖြင့် တစ်နိုင်ငံလုံး lockdown ချလိုက်သည့်‌ ကြေညာချက်ပင်...
“အေး ဟုတယ် ဟေ့ရောင်ရေ ငါလည်း တွေ့တွေ့ချင်း မင်းကို လှမ်းဖုန်းဆက်လိုက်တာဘဲ”
“ဒါဆို ငါတို့အသေကျက်ထားတဲ့ Chemistry လေး မဖြေရတော့ဘူးပေါ့”
“ဒါပေါ့ ဒါနဲ့ ဟိုကောင်တွေတောင် အဆောင်ကနေ အိမ်ပြန်ဖို့ ပြင်နေကြပြီ”
“ဟမ် ပြန်ကြပြီလား နှုတ်တောင် မဆက်လိုက်ရဘူး”
“အေးဆို ဒါနဲ့ ဒါဘဲ ဟေ့ရောင်ရေ ငါလုပ်စရာလေးရှိလို့”
“အိုခေ Bye Bye”
“Bye”
YangYangနဲ့ ဖုန်းပြောပြီးနောက် စဉ်းစားခန်း ဝင်မိသွားသည်
ဒီလိုကျပြန်တော့လည်း ညနက်ထိ ကျက်ထားတဲ့ Chemistry စာလေးကို နှမြောလိုက်တာ
ဟိုကောင်တွေကိုလည်း ဒီတိုင်းကြီး နှုတ်မဆက်ဘဲ ခွဲလိုက်ရတာ ဝမ်းနည်းဖို့တော့ ကောင်းသား
ကိုဗစ်သာ ဒီထပ် ပိုမပြန့်ဖို့ ဆုတောင်းရမယ်
နိုင်ငံကြီးလည်း နေမြန်မြန်ကောင်းပါစေ
ဒါမှ ဟိုကောင်တွေနဲ့ ပြန်ဆုံရမှာ
အတွေးစတို့အား ဖြတ်ရင်း ရေချိုးခန်းထဲသို့ သွားရန် ပြင်လိုက်သည်
ရေချိုးမျက်နှာသစ်ပြီး မနက်စာစားရန်အတွက် ခေါက်ဆွဲပြုတ်လိုက်သည်
ကျောင်းမသွားရတော့ ဇာတ်ကားကြည့်လိုက်၊ အိပ်လိုက်၊ စားလိုက်နဲ့ တစ်ရက်တာတွေကို ကုန်ဆုံးလိုက်သည်
တစ်နေ့ ကျွန်တော် ဇာတ်ကားကြည့်နေရင်း ကိုးရီးယားမှာ ကျောင်းသွားတက်ချင်စိတ်တွေ ပေါက်လာတယ်
ကျောင်းသွားတက်ဖို့ ကိုယ့်ပိုက်ဆံနဲ့ ကိုယ်သွားရအောင်လည်း Papa က မထောက်ပံ့နိုင်ဘူး
Part-time job လုပ်ပြီး ကျောင်းတက်ရအောင်လည်း ကိုယ်တိုင်က ကျန်းမာရေးချူချာတဲ့သူဖြစ်တဲ့အပြင် ထင်သလောက်မလွယ်ဘူးလို့ တွေးမိတာကြောင့် မဖြစ်နိုင်ဘူး
အဲ့တာနဲ့ scholarshipလျှောက်ဖို့သာ ရွေးချယ်မိတော့တယ်

SMILEWhere stories live. Discover now