Ren

168 21 1
                                    

နောက်ဆုံးတော့ ကိုးရီးယားမြေပေါ် ခြေချနိုင်ခဲ့ပြီ
ကိုးရီးယားမြေပေါ်ရောက်တော့ သူ့ကိုတွေ့ချင်မိသား
ကျောင်းကပေးသည့် အဆောင်မှာ ၂ယောက်တစ်ခန်းမို့ ကျွန်တော်နှင့် တခြားကောင်လေးတစ်ယောက်မှာ အတူတူ နေရသည်
ကံကောင်းသည်ဟု ဆိုရမလား
ကျွန်တော်နှင့်အတူ နေရသည့် တစ်ယောက်မှာ ကျွန်တော့်လိုပင် တရုတ်လူမျိုး
ကျွန်တော်နှင့် ပထမနှစ်အတူ တက်ရမည့် ကောင်လေးဖြစ်သည်
သို့သော် သူသည် ကျွန်တော်နှင့် မေဂျာမတူပါ
ထိုတရုတ်ကောင်လေးနာမည်မှာ Zhong Chenle တဲ့
ကျွန်တော့်ထက်တော့ (၁)နှစ်ငယ်တယ်
{ဒီနေရာမှာ Renjunက First year ပြီးခါနီးမှ Scholarshipလျှောက်တဲ့အတွက် Scholarshipရတဲ့အခါမှာ First year ကနေ ပြန်တက်ရတာမို့ ၁နှစ်ကြီးနေတာပါ}

First Day of Uni
ကျောင်းစတက်ရသည့်ရက်မှာ Chenle နဲ့ ကျောင်းအတူတူ လာပေမယ့် major မတူတာမို့ ကျောင်းပေါက်ဝမှာ လူစုခွဲလိုက်သည်
ကိုယ်နဲ့ မရင်းနှီးသေးတဲ့ သူစိမ်းပတ်ဝန်းကျင်မို့ အနည်းငယ်ကြောက်စိတ်ဝင်မိတယ်
ပထမဆုံးရက်မှာတင် မေဂျာသွားတဲ့ လမ်းကို မှားနေသေးတယ်
“ကျစ် ဒီနားဘဲ ပြန်ရောက်နေတယ်
အတန်းချိန်က စတော့မှာကိုကွာ”
မထူးမယ့်အဆုံး လမ်းမှာ တွေ့တဲ့တစ်ယောက်ကိုသာ မေးလိုက်တော့တယ်
“ဒီမှာခင်ဗျ Engineer ဌာနကို ဘယ်လမ်းကနေ သွားရတာလဲခင်ဗျ”
“ဪ… Engineerဌာနလား ဒါဆို ကျွန်တော်နဲ့ လိုက်ခဲ့လေ ကျွန်တော်လည်း အဲ့ဌာနကဘဲ”
“ဟုတ် ကျေးဇူးပါခင်ဗျ”
“ရပါတယ် ဒါနဲ့ နာမည်က…”
“ကျွန်တော့်နာမည်က Huang Renjunပါ Electronics Major မှာ ပထမနှစ် တက်မယ့်သူပါ”
“အာ ဒါနဲ့ ကျွန်တော်က Lee Jenoပါ Civil Majorမှာ ဒုတိယနှစ်တက်မယ့်သူပါ”
“ဪ ဟုတ်ကဲ့”
“ပြောရင်းဆိုရင်းတောင် ရောက်ပြီဘဲ”
“ဟုတ်သားဘဲ ကျေးဇူးပါခင်ဗျ Jeno sunbae”
“ရပါတယ်ဗျ Bye Bye Renjun”
“Bye Byeပါဗျ”

အတန်းဆင်းတော့ ကျွန်တော် Canteenသွားဖို့ ပြင်လိုက်သည်
ထိုစဉ် ကောင်လေး(၂)ယောက် ကျွန်တော့ဆီ လာပြီး
“ဟေ့ ကန်တင်းသွားမို့လို့လား ငါတို့နဲ့ အတူတူသွားမလား ဒါနဲ့ ငါ့နာမည်က Lee Haechan သူ့နာမည်က Lee Minyoung ဒါပေမယ့် လူတိုင်းက သူ့ကို Markလို့ခေါ်ကြတယ်”
“ကျွန်တော့်နာမည်က Huang Renjunပါ အတူတူသွားကြတာပေါ့”
“Cool ဒါဆို ငါတို့ သူငယ်ချင်းတွေ ဖြစ်သွားပြီနော်”

SMILEWhere stories live. Discover now