Jun

131 8 2
                                    

Arts Club မန်ဘာဖြစ်ပြီးနောက်ပိုင်း Jenoကို sunbaeမပါဘဲ ဒီတိုင်းနာမည်ခေါ်သည်အထိ ကျွန်တော်နဲ့ Jenoနဲ့ ရင်းနှီးခဲ့ကြတယ်
အကြိုက်ချင်းလည်းတူ ဝါသနာလည်း တူသည့် ကျွန်တော်တို့ နှစ်ယောက်ဟာ အမြဲတမ်း အတူသွား အတူလာ အတူစားဖြစ်ခဲ့ကြတယ်
Jenoနဲ့ ရင်းနှီးလာတာနဲ့အမျှ Jenoအနားမှာ အမြဲလိုလို ရှိနေတတ်တဲ့ ကျွန်တော့်ရဲ့ အေးချမ်းရာလေးနဲ့လည်း အပြင်မှာ သိကျွမ်းခဲ့တယ်
အေးချမ်းရာလေးနဲ့ တွေ့တိုင်း သူ့ဘက်က အနေရခက်တဲ့ ပုံစံလေးနဲ့
Jenoနဲ့ သူငယ်ချင်း ဖြစ်ပြီး မကြာဘူး ကြားလိုက်ရတဲ့ သတင်းက Nanaနဲ့ Jenoနဲ့ ချစ်သူဖြစ်သွားပြီတဲ့
အဲ့နေ့က ကျွန်တော့်အတွက် ဘဝမှာ အဆိုးဆုံးနေ့ဘဲလေ
အချိန်တွေက ကုစားသွားမှာပါလို့ ဖြေသိမ့်ရင်း Jenoနဲ့ သူငယ်ချင်း ဆက်လုပ်ခဲ့ပါတယ်
ကျွန်တော့်ဘက်က ကြည့်ရင် ကိုယ့်crushရဲ့ ရည်းစားက ကိုယ့်သူငယ်ချင်း Nanaဘက်က ကြည့်ရင် ကိုယ့်ကို ကြိုက်တဲ့သူက ကိုယ့်ရည်းစားရဲ့ သူငယ်ချင်း ဒီလိုအခြေအနေမျိုးက သူကော ကျွန်တော်ကော လုံးဝ နေရခက်တဲ့ အခြေအနေဖြစ်နေတယ်လေ
ကျွန်တော် သူ့ကို မချစ်တော့တဲ့အခါ မေ့နိုင်သွားတဲ့အခါ ကျွန်တော် သူ့ကို သူငယ်ချင်းအဖြစ် ခင်နေဖို့ ပြောပြီး ဒီနေရခက်တဲ့အခြေအနေမျိုးကို ဖြိုခွင်းလိုက်ချင်ပေမယ့် ကျွန်တော် အချိန်တစ်ခု ကြာတဲ့အထိ မလုပ်နိုင်ခဲ့ဘူး

တနေ့

“Jeno ya သူငယ်ချင်း မလုပ်ကြရအောင်”
“ရုတ်တရက်ကြီး wae”
သူနဲ့ မင်းနဲ့ကို တွေ့တိုင်း ငါ့ရင်ဘတ်က နာတယ်
ငါတို့တွေ ဝေးသွားကြရင် သူလည်း အနေမခက်တော့ဘူး၊ သူချစ်တဲ့မင်းနဲ့လည်း ပျော်ရွှင်နေရမယ်၊ ငါလည်း မနာကျင်တော့ဘူးပေါ့
“ဒီတိုင်း...”
“...”
“ငါသွားတော့မယ် Jeno
Goodbye”
“omm”
အူကြောင်ကြောင်နဲ့ ကျန်နေခဲ့တဲ့ Jeno
Jenoကို Goodbye ပြောနိုင်ခဲ့ပေမယ့် ကျွန်တော် သူ့ကို မပြောနိုင်သေးဘူး
ပြောဖို့လည်း အင်အားမရှိဘူး
Nanaရား မီယားနဲ
မင်းကို မမေ့ဖျောက်နိုင်ပေမယ့် ငါလိုချင်တာ မင်းပျော်ရွှင်တာဖြစ်တဲ့အတွက်ကြောင့်မို့ မင်းပျော်ရွှင်တာ မှန်သမျှ ငါလုပ်ပေးမှာပါ ငါနာကျင်နေရင်တောင်မှပေါ့
အဲ့နေ့မှာ မိုးကောင်းကင်ကနေ ကျဆင်းလာတဲ့ မိုးရေစက်တွေနဲ့အတူ ကောင်လေးတစ်ယောက်ရဲ့ မျက်ရည်တွေလည်း ကျဆင်းသွားခဲ့တယ်

You've reached the end of published parts.

⏰ Last updated: Mar 07, 2023 ⏰

Add this story to your Library to get notified about new parts!

SMILEWhere stories live. Discover now