Chapter(13)

3.2K 840 12
                                    

Unicode

Chapter(13)

အမျိုးသမီး host ကဒိုင်လူကြီးအဖြစ်တာဝန်ယူသည်။ သူမကဝီစီကိုမှုတ်လိုက်တဲ့အချိန်မျိုးမှာ သူမရဲ့ပါးပြင်ကငါးပူတင်းတစ်ကောင်လို ဖောင်းကားနေသည်။ဖေးချောင်းရဲ့ ပါးစပ်ထဲကပုလင်းသေးသေးလေးက ဖွင့်ထားပြီးဝန်ထမ်းများကအထဲမှာ နို့များကြိုတင်ဖြည့်ပေးထားသည်။

သူ့အနေနဲ့တစ်ဖက်ကိုလှည့်ပြီး,ဘေးကလူရဲ့ပုလင်းထဲကိုနို့များလောင်းထည့်ပေးပြီးတာနဲ့ပြန်လှည့်ယုံသာ။သို့သော်လည်းသူဒုတိယခြေလှမ်းရဲ့အခက်အခဲကိုလျော့တွက်မိလိုက်သည်။

သူ့နောက်မှာကတရားဝင်အရပ် 1.85 metres နဲ့ခရမ်းရောင်ဆံပင်ရှိသော boy band အဖွဲ့ဝင်တစ်ယောက်ဖြစ်သည်။ သူကချောမောတဲ့ကောင်လေးဆိုတဲ့ လမ်းကြောင်းကိုယူထားပြီးအဖွဲ့ထဲမှာဆိုရင် eyeliner အဖြစ်တာဝန်ယူထားသူပင်။ သူတို့နှစ်ယောက်နီးကပ်သွားသည့် တစ်ခဏမှာပင် eyeliner ကောင်လေးက တ'ဟားဟား'နဲ့စတင်ရယ်မောတော့သည်။

သူကအလွန်ကိုလှိုက်လှိုက်လှဲလှဲရယ်နေတာကြောင့်နို့ပုလင်းကိုပင်မကိုင်နိုင်တော့ပေ။

တစ်ဖက်လူရဲ့ပုလင်းပေါက်စလေးက ဖေးချောင်းရဲ့ပုလင်းလေးနဲ့ဆက်တိုက် တစ်ကွပ်ကွပ်တိုက်နေသည်။

ဖေးချောင်းကတော့တကယ့်ကို နားမလည်နိုင်တော့ဘူး

ဒီလူရဲ့ eyeliner ကဒီလောက်ကောင်းကောင်း
ဆွဲထားရဲ့သားနဲ့ Parkinson ရောဂါသည်လိုလာလုပ်နေတယ်

(T/N - Parkinson ရောဂါကအာရုံကြောရောဂါတစ်မျိုးပါ၊ လက္ခဏာအများစုကလက်တုန်ခြေတုန်ဖြစ်တာ။ဒါပေမဲ့အဲ့ဒါက eyeliner နဲ့ဘာပတ်သတ်လဲတော့မသိဘူးရယ်)

ဖေးချောင်းသည်သေလောက်အောင်ဒေါသထွက်နေမိသည်။သူကလေးနက်သောလူမျိုးဖြစ်သည်။တစ်ဖက်လူကဒီ show မှာထင်ရှားချင်တာကြောင့်ဝင်ပါတာဆိုပေမယ့်သူကမဟုတ်ဘူးလေ။သူကဂိမ်းကိုကစားဖို့အလေးအနက်ကြိုးစားပြီးဆော့မှာ!

အကယ်၍ PUBG ထဲမှာဆိုရင်ဆော့လို မနိုင်ဘူးဆိုရင်တောင်သေတ္တာထဲမှာသေရတာနဲ့နှစ်လှမ်းလောက်ပြေးပြီးမှအရိုက်ခံရပြီးသေရတာရဲ့ကြားမှာကွာခြားချက်အကြီးကြီးရှိတယ်ဟုတ်ပြီလား?!

(Completed )Thinking of Deer Fei Fei Where stories live. Discover now