Šïck @ Ĥ€àřț
Part(5)
[Omma သဘောတူတဲ့ဘယ်သူ့ကိုမဆို ကျွန်မလက်ခံဖို့အဆင်သင့်ပါပဲ]
Hun အရမ်းကိုအံ့သြနေတယ် ပုံမှန်ဆိုရင် hun ရှေ့မှာမိန်းကလေးတွေကပဲပြာယာတွေ ခတ် စိတ်တွေလှုပ်ရှားနေကြတာ luhan ဆိုတဲ့ကောင်မလေးကတော့လုံးဝပြောင်းပြန်
သွေးအေးပြီးခံစားချက်မရှိတဲ့ သူမပုံစံကို hun မုန်းတယ် သူမ hun ကိုဆက်ဆံနေတဲ့ပုံက သာမန်လူတစ်ယောက်ကိုဆက်ဆံတဲ့ပုံစံထက်ကို အေးဆေးနေသေးတယ် အခုလည်း luhan သူ hun ကိုမချစ်ဘူး သူ့အမေသဘောကျလက်ထပ်တာပါတဲ့လေ
ဒီထက်ပိုလှပတဲ့မုသားကိုမသုံးဘဲ မှင်သေသေနဲ့ ပြောနေတဲ့ luhan ကို hun ရဲ့မာနတွေကမုန်းတီးခိုင်းနေပြီ
Hun အလျှင်မြန်ဆုံးစဉ်းစားပြီး ဆုံးဖြတ်လိုက်တယ်စကားတစ်ခွန်းလေးကိုနာကျည်း မိတဲ့ oh sehunအစိမ်းကားဆုံးမျက်ဝန်းတွေနဲ့ luhan ကိုပြန်တုန့်ပြန်လိုက်တယ်
''ok လေ luhanshi´´
''လက်ထပ်ကြတာပေါ့ မင်းဘက်က မင်း omma သဘောတူလို့ လက်ထပ်တဲ့အတိုင်း ငါလည်းမင်းကိုမုန်းတဲ့အတွက် သေချာပေါက်ကိုလက်ထပ်မှာ´´
Lu အရမ်းကိုအံ့သြသွားတယ် oh sehunက lu ကိုမုန်းတယ်တဲ့လေအစကတည်းကအချစ်ဆိုတာကိုမမျှော်လင့်ထားပေမယ့် ဒီလိုနာကျည်းတဲ့မျက်လုံးတွေနဲ့မုန်းတယ်လို့ပြောမယ်လို့တော့သူမထင်မိခဲ့ဘူးအခုတော့ lu ရဲ့စကားလေးတစ်ခွန်းကြောင့်.... သူမပြောလိုက်တာအမှန်ပဲလေ ommaက lu ကိုလက်ထပ်စေချင်လို့ lu လက်ခံတာလေအခုတော့ oh sehun က lu ကိုမုန်းလို့လက်ထပ်မှာတဲ့ lu တဖြည်းဖြည်းနဲ့ sehun ကိုကြောက်လာပြီ Lu ကိုမုန်းတယ်တဲ့လေ.....
''luhan မင်းဘာမှအံ့သြစရာမလိုပါဘူး
အံ့သြမှာလည်းမဟုတ်ပါဘူးမင်းကခံစားချက်မှမရှိတာ အံ့သြတတ်မှာလည်းမဟုတ်ဘူး ငါမင်း ကိုချစ်သည်ဖြစ်စေ မုန်းသည်ဖြစ်စေ မင်းအတွက်ကတော့ဘာမှမထူးဘူးမဟုတ်လား´´