Sick @ Heart
Part(4)
''lu လေး ထတော့လေ 7နာရီတောင်ထိုးနေပြီ´´
Lu မျက်လုံးလေးကိုဖြေးညင်းစွာဖွင့်လိုက်တယ်Omma ကလိုက်ကာလေး ကိုချည်ပြီးပြတင်းပေါက်လေးကိုဖွင့်လိုက်တော့ သန့် ရှင်းလတ်ဆတ်တဲ့လေလေးနဲ့အတူတူ နံနက်ခင်းရဲ့နေရောင်ခြည်လေးကြောင့် lu အားတင်းကာ ပြုံးလိုက်တယ်
''lu လေးရေချိုးတော့လေ omma မနက်စာပြင်ပေးမယ်´
''Nae omma´´
Omma luနဖူးလေးကိုတချက်နမ်းပြီးထွက်သွားတယ်
Lu ရေချိုးအ၀တ်အစားလဲပြီး အောက်ဆင်း လာခဲ့တယ် ထမင်းစားခန်းထဲဝင်လိုက်တော့
Lu omma အရမ်းဝမ်းသာတဲ့မျက်လုံးလေးနဲ့ lu ကိုကြည့်နေတယ်
Lu ကအလှအပကို စိတ်မ၀င်စားခဲ့ဘူး ငယ်ငယ်ကတည်းကအခုထိ omma ၀ယ်ပေးတဲ့အကျီတွေပဲဝတ်ခဲ့တာ lu shopping ထွက်တယ်ဆိုတာမရှိသလောက်ဘဲ ကိုယ့်ကိုကိုယ် လည်းပြင်ပြင်ဆင်ဆင်မနေခဲ့ဘူး
အညိုရောင်သန်းနေတဲ့ lu ဆံပင်က original လှိုင်းလေးတွေနဲ့ အကောက်ပြေပြေလေး ထူထဲလှတဲ့သူမဆံပင်ကို မစည်း ဘဲအမြဲချထားခဲ့တာLu မျက်နှာသေးသေးလေးက ဆံပင်ကြားထဲမြုပ်နေတာပေါ့ luရဲ့မျက်နှာလေးက ပန်းရောင်လေးသန်းနေပြီးတော့ သမင်မျက်လုံးလေးကတော့ အပူအပင်မရှိ ပကတိအေးဆေးတည်ငြိမ်နေသလိုပါပဲ
အနေအေးတဲ့ luhan ဆိုတဲ့ကောင်မလေး သူမ မျက်နှာလေးနဲ့ သေးသွယ်သွယ်ကိုယ်လုံးလေး သူမရဲ့အလှတွေ အခုမှ နတ်သမီးလေးတစ်ပါးလိုကျော့ရှင်းနေတော့တာပေါ့
ဒူးလောက်ရှိတဲ့ မိုးပြာရောင်ဂါဝန်လေး နဲ့
ဆံပင်လေးကိုမြင့်မြင့်စည်းပြီး မိတ်ကပ်ပါးပါးလေးလိမ်းထားတဲ့ မျက်နှာလေး lipgloss အပန်းဖျော့ဖျော့လေးက lu ရဲ့ဖူးငုံနေတဲ့နှုတ်ခမ်းလေးရဲ့အလှကိုပိုလို့ပေါ်လွင်စေတယ်လေ
