Part(9)

1.4K 120 1
                                    

Sick at heart

Part (9)

Hun ရင်​​တွေအရမ်းနာကျင်​​နေရပါပြီ သူသိပ်​ချစ်​ရတဲ့​ကောင်​မ​လေး​လေ အခန်း အပြင်​ကိုမထွက်​​တော့ဘူးကုတင်​​ပေါ်မှာထိုင်​ပြီး မျက်​​တောင်​​တောင်​မခတ်​ဘဲငြိမ်​သက်​ တိတ်​ဆိတ်​​နေတယ်​ တစ်​​နေရာထဲကို ​ကြောင်​ပြီးကြည့်​​နေသလိုပုံစံမျိုး

စကားလည်းမ​ပြော အစားလည်း​ကောင်း​ကောင်းမစား​တော့ ကိုယ်​လုံး​လေးလည်း အရိုး​ပေါ်အရည်​တင်​ဖြစ်​​နေပြီ ......... ဖြူ စုတ်​​နေတဲ့သူမမျက်​နှာ​လေးကိုမြင်​ရတိုင်း hun ရင်​ထဲကိုမီးစနဲ့တို့​နေသလိုပဲခံစား​နေရတယ်​ ......

**********

''ဆရာစိတ်​မ​ကောင်းပါဘူး အ​ကောင်း ဆုံးကြိုးစား​ပေးခဲ့​ပေမယ့်​''

Lu ရင်​ထဲမှာနာကျင်​လွန်းလို့မျက်​ရည်​ကျဖို့​တောင်​​မေ့​နေပြီ ခဏငြိမ်​သက်​သွားပြီး​တော့မှ

''ဆရာ omma အ​ခြေအ​နေ​ကောင်း တယ်​မလား ဟင်​omma ဘယ်​​နေ့ပြန်​သတိရလာမှာလဲဟင်​ omma အသက်​ရှင်​တယ်​လို့​ပြော​ပေးပါ​နော်​''

ပြော​နေရင်းကမှ မျက်​ရည်​​တွေကတစ်​​ပေါက်​ပြီးတစ်​​ပေါက်​...

ဆရာဝန်​ကြီး က​တော့luကိုကြည့်​ပြီးစိတ်​မ​ကောင်း ဖြစ်​​နေရုံကလွဲလို့ ဘာမှမတတ်​နိုင်

Lu အတွက်​က​တော့ ကမ္ဘာပျက်​တာထက်​​တောင်​ပိုဆိုးလွန်းလှတယ်​​လေ ဒီအဖြစ်​မှန်​ကြီးကိုရင်​ဆိုင်​ဖို့အင်​အားမရှိ​တော့ဘူး...lu ​နောက်​ဆုံးသိလိုက်​တာက hun ရင်​ခွင်​ထဲမှာလဲကျပြီးအရာရာ ​မှောင်​မိုက်​သွားခဲ့ပြီ

=========

Lu နိုးလာ​တော့သူမလက်​​လေးကိုဆုတ်​ကိုင်​ထားပြီးခုတင်​​ဘေးမှာ​မှောက်​လျှက်​​လေးအိပ်​​ပျော်​​နေတဲ့Hun. Lu မျက်​လုံးဖွင့်​လိုက်​တာနဲ့ ​ခေါင်းထဲဝင်​လာတဲ့Omma မရှိ​တော့ဘူးဆို တဲ့အသိ​ကြောင့်​ပဲ

ကျလာပြန်​ပြီ မျက်​ရည်​​တွေ ငိုရလွန်းလို့မျက်​လုံး​တွေ လည်းမို့​ဖောင်း​နေပြီ ..

Sick @ HeartWhere stories live. Discover now