FIVE🌼

945 59 2
                                    

Unicode🔥
တီ.........................
lisa သူမရဲ့ပြိုင်ကားလေးကို ဟွန်းတီးလိုက်တော့
ခြံဝန်းတံခါးကြီးကဖြေးညှင်းစွာ ပွင့်လာခဲ့တယ်
​ဖြေးဖြေးမှန်မှန်နဲ့မောင်းလာရင်း ဆယ်မိနစ်လောက်ကြာတော့
စံအိမ်ကိုရောက်ပြီမို့ ကားရပ်လိုက်ကာကားထဲမှ ခပ်မြန်မြန်
ထွက်လာလိုက်တယ် တစ်ဖက်ခြမ်းကကားတံခါးဆီသွား၍
ဆွဲဖွင့်လိုက်ပြီး jennieကိုပွေ့ချီလိုက်သည်

အိမ်တံခါးဝရှေ့မှာ အဆင့်သင့်ရပ်နေတဲ့ nickနဲ့အိမ်တော်ထိန်းကို တစ်ချက်ကြည့်လိုက်ကာ
"အခန်းအဆင်သင့်ပြင်ထားပြီးပြီလား အိမ်တော်ထိန်းဂင်"
"အဆင်သင့်ပါပဲ သခင်မလေး"
"ခဏနေရင်ငါပြန်ဆင်းလာမှာမို့ အိမ်ကလူအကုန်စုထားလိုက်
nick" ပြောရင်း jen ကိုပွေ့ကာသုံးထပ်မြောက်မှာရှိတဲ့
အခန်းတစ်ခန်းဆီသို့ တက်လာလိုက်တယ်

အဆင်သင့်ဖွင့်ထားတဲ့အခန်းထဲတန်းဝင်လာကာ jen ကို
နူးညံ့အိစက်နေတဲ့မွေ့ယာကြီးပေါ်သို့ဖြေးညှင်းစွာ
ချလိုက်ပြီး မျက်နှာပေါ်သို့ဖရိုဖရဲကျနေတဲ့ ဆံပင်လေးကို
ပြန်သပ်တင်ပေးလိုက်ရင်း ပြုံးလိုက်ကာ
"မင်းကသိပ်ချစ်ဖို့ကောင်းလွန်းတယ် jen"
မေ့မြောနေတဲ့ jen ကိုထားခဲ့ကာအခန်းတံခါးကိုအပြင်က
lock ချခဲ့ပြီးအောက်ဆုံးထပ်ကိုပြန်ဆင်းလာခဲ့သည်

သူအောက်ရောက်တာနဲ့လူတိုင်းကခေါင်းငုံ့ကာအရိုအသေ
ပေးလိုက်ကြသည်
"ကျွန်မဒီနေ့အားလုံးကိုပြောစရာရှိလို့ခေါ်လိုက်တာ
ဒီနေ့ကစပြီး Kim Jennie ကစံအိမ်မှာနေလိမ့်မယ်
ပြီးတော့ jennie ကိုစံအိမ်အပြင်ဘက်ခြေတစ်လှမ်းတောင်
မလှမ်းစေနဲ့ မပြတ်စောင့်ကြည့်ပြီးသူလိုတာမှန်သမျှ
ဖြည့်ဆည်းပေးပြီးကောင်းကောင်းစောင့်ရှောက်ပေးကြရမယ်
Kim Jennie ကို ဒီအိမ်မှာအလုပ်လုပ်​တဲ့သူမှန်သမျှ
မမလေးလို့ခေါ်ရမယ် ကျွန်မပြောတာမရှင်းတာရှိလား"
"မရှိပါဘူး သခင်မလေး" အားလုံးတစ်ပြိုင်နက်ဖြေပြီးသည်
နဲ့ lisa လက်နှစ်ဖက်ကိုနောက်သို့ပစ်ကာအပေါ်သို့ပြန်တက်
လာခဲ့လိုက်တယ်

jennie မျက်လုံးလေးတွေဖြေးညှင်းစွာပွင့်လာခဲ့တယ်
မျက်ခွံတွေတအားလေးနေတာကြောင့် နှစ်ချက်သုံးချက်
ပုတ်ခတ်ပုတ်ခတ်လုပ်ပြီးမှ သေချာဖွင့်လို့ရတော့တယ်
စိမ်းနေတဲ့ပတ်ဝန်းကျင်အခြေအနေကြောင့် တိုက်ခန်းနားမှာ
ဖြစ်ပျက်ခဲ့တာကအတွေးထဲချက်ချင်းပြန်ဝင်လာခဲ့သည်

You're MineTempat cerita menjadi hidup. Temukan sekarang