သရဲလေးရေ ... သရဲလေး
မင်း ထိမ်းမြားတော့မယ်ဆို ... ။
မင်း သတို့သား နှုတ်ဖျားမှဲ့နဲ့
ကြည့်ကောင်းလွန်းတယ်ဆို ... ။
မင်းရဲ့ ကြင်ဖော် ကိုယုန်သွား
ချစ်စရာကောင်းတယ်ဆို ... ။
မင်း ကြင်ဖက် ညိုညိုချောချော
ခန့်ညားလွန်းတယ်ဆို ... ။
မင်း အိမ်ထောင်ဘက် အရပ်မြင့်မြင့်
မျက်နှာပွင့်တယ်ဆို ... ။
မင်းရဲ့ လူသား ထိုလူသားက
စစ်ထွက်ပြန်ကြီးဆို ... ။
ဒါဆို မင်းတစ်ယောက်
အဖော်မမဲ့ရှာတော့ဘူးပေါ့နော် ... ။.
.
.
.
.
.
.
.
.
.
.ခပ်တိုးတိုး မေးသံတို့သည် ခြံဝင်း၏ ပြင်ပမှတစ်ဆင့် အခန်းငယ်ထဲ ကူးလာသည် ။
ထို အမေးတို့သည် ခမ်းနားသော အိမ်ကြီး၏ အနောက်ဘက်ခြမ်းရှိ အခန်းအတွင်းမှ သူတစ်ယောက်အား ဦးတည်ခြင်း ဖြစ်သည် ။
ထိုသူသည် ခေါင်းကို နာနာဖွလိုက်သည် ။
ပါးစပ်ကလဲ ကျွတ်ခနဲတစ်ချက် စုတ်သပ်လိုက်သေးသည်။သက်ပြင်းလဲ ဖူးခနဲတစ်ချက် မှုတ်ထုတ်လိုက်သည် ။
သူသည် သရဲလေး ဝမ်ရိပေါ် ဖြစ်ပါသည် ။
သရဲဖြစ်ထားသည်မှာ လေးနှစ်သာ ကြာသေးသော သရဲလေး ဖြစ်သည် ။လူ့ဘဝက ကောင်းမှုကုသိုလ်ကြောင့် ထင်၏။
သူ သရဲ ဖြစ်စကတည်းက ပုံမှန် သရဲ တို့နှင့်မတူ ထူးခြားသော အရောင်အဝါရှိသည် ။ဒီ့အပြင် သူသည် ဝမ်မိသားစု၏ တစ်ဦးတည်းသော မြေးလေး ဖြစ်ပြီး ... အထူးသဖြင့် သူ၏ အဖွားက သူ့အား သိပ်ချစ်သည် ။
မည်မျှလောက် ချစ်သည်ဆိုလျှင် သူသေဆုံးပြီးချိန်မှ လေးနှစ်တိုင်အောင် သူ၏ဓါတ်ပုံရှေ့တွင် မနက်စာ ၊ နေ့လည်စာ ၊ ညစာတို့ကို အချိန်မှန်မှန် ကြွေးသည်။
အဝတ်အစား လှဲပေးသည် ။
သူ့အခန့်အား ပုံမှန်သန့်ရှင်းရေး လုပ်စေသည်။
YOU ARE READING
Dare you marry me ? (complete)