" ဒီနေ့ ကျွန်မ မွေးနေ့ "
ပူနေတဲ့ ကော်ဖီခွက်ကို တင်းတင်း ဆုင်ကိုင်ရင်း သူမ ပြောလိုက်တယ် ။ ခဏတော့ တိတ်ဆိတ်သွားပေမဲ့...
သတင်းစာ ဖတ်နေရာကနေ မော့တောင် ကြည့်မလာတဲ့ သူရဲ့ ပြန်လာတဲ့ စကားက...
" အင်း "
* အင်း * ထပ်ပြီး ဒီတစ်ခွန်းထဲ ... ။
"ဒီတစ်ရက်တော့ ကျွန်မကို အချိန်ပေးပါ "
မျက်မှန်ဘောင်ကနေတစ်ဆင့် မျက်လုံးတွေ ဝင့်ကြည့်လာတယ် ။ ဒီအတိုင်း အေးစက်စက် ...
" ငါ မအားဘူး ... ဒီနေ့ စက်ရုံဆင်းရမယ် "
မိန်းကလေးက တိတ်ဆိတ် ငြိမ်သက်သွားတယ် ။
မနက်စာ စားဝိုင်းက အေးစက်လွန်းနေပေမဲ့ ဒီဝိုင်းမှာ ထိုင်နေတဲ့ သူနှစ်ယောက်က အေးစက်မှုတွေနဲ့ဘဲ အသားကျနေသလို ... ။
" ကောင်းပါပြီ ...
အိမ်ပြန်လဲ ထပ်ပြီး နောက်ကျဦးမှာမလား"" အခြေအနေအရဘဲ "
ခပ်ပြတ်ပြတ်ပြောပြီးတာနဲ့ စကားဆက်စရာ မရှိတော့သလို သူ ထထွက်သွားတယ် ။
" ချန်ကွေ့ !"
ဟုန်ဟွား ဒေါသကို မြိုသိပ်လို့ ထိုင်နေရာကနေ လှည့်မကြည့်ဘဲ ခေါ်လိုက်တယ် ။
" ရှင်က ကျွန်မကို နောင်တမရစေတဲ့သူဘဲ "
" ဒီကောင်လေး သေသွားတာ အရမ်းကောင်းတယ် "
.
.
.ချန့်ကွေ့ ဘာစကားမှပြန်မပြောဘဲ ထွက်သွားတယ်။
မနက်စာ စားပွဲဝိုင်းလေးမှာ ဟုန်ဟွားတစ်ယောက်ထဲ ထပ်မံ ကျန်ခဲ့တယ် ။ နာရီသံ တစ်ချက်ချက်သာ ကြားတယ် ။
ဒါတွေဟာ ဖြစ်နေကျ နေ့ရက်တွေပါဘဲ ...။
____________
___________♡"အလုပ်ကို အတူတူ လိုက်ခဲ့မယ်လေနော် "
ရိပေါ်က ထူးထူးဆန်းဆန်း ရှောင်ကျန့် အလုပ်သွားမဲ့ ကားလေးနားမှာ ရပ်ပြီး ပြောလာတယ် ။
YOU ARE READING
Dare you marry me ? (complete)