" ဟုတ်ကဲ့ "
" ဟုတ်ကဲ့ "
" ဟုတ်ကဲ့ "
လုဟွားကဖြင့် ခေါင်းငြိမ့်ရတာ များလွန်းလို့ ပုတ်သင်ညိုဖြစ်တော့မယ်,။
ဒါတွေ ဘယ်လိုဖြစ်ရသလဲ ဆိုတော့ ...
လွန်ခဲ့သော နာရီဝက်ခန့် >>>
" လုဟွား ဒီဇိုင်း အကြမ်းတွေ လာပြတာပါ ဆရာ"
လုဟွားနဲ့ ဆရာရှောင်း အလုပ်ကိစ္စအရင် ပြောကြတယ်။ ပြီးတာနဲ့ ...
" နေမကောင်းတာ ဝှီးချဲစီးနေရတယ်ဆိုတော့ ဆရာရှောင်း ... အက်စီးဒင့်တွေ ဘာတွေများ ဖြစ်ခဲ့လို့လားရှင် "
လုဟွား သိချင်လွန်းလို့ မေးလိုက်တယ် ။
.
" အက်ဆီးဒင့် မဟုတ်ပါဘူး ... ဆေးမှား ထိုးမိလို့ ခြေတောက် ထိခိုက်သွားတာပါ ... နောက်နှစ်ရက်ဆို ကောင်းပါပြီ "ဆရာရှောင်းက ရေနွေးသောက်ရင်း ပြန်ဖြေတယ်။
" ဒီလိုဆို တော်သေးတာပေါ့ ... ဆရာရယ်
လုဟွားက အများကြီး ထိခိုက်သွားမှာ စိတ်ပူတာ"" စိတ်ပူစရာ မလိုပါဘူးဗျာ "
" ဟုတ်ကဲ့ ... ပြီးတော့ ဆရာရှောင်း ...
ဒါ ဆရာ့အတွက် လုဟွား ယူလာတာ ... "လုဟွားက သူ့မ ဝယ်လာတဲ့ သစ်သီးထုပ်ကလေး ပေးတယ် ။ ပြီးတော့ ချိုင့်ကလေးတစ်ခု ... ။
ဆရာရှောင်းက လက်တကာကာနဲ့ ...
" အဲ့လိုတွေ ယူမလာလဲ ရပါတယ်ဆိုဗျာ "
" ဒီတစ်ခါ လမ်းကြုံ ဝယ်လာတာပါ ဆရာရှောင်းရဲ့
အားနာစရာလဲ မလိုဘူး ... နေမကောင်းတဲ့ သူဆီ လက်ဗလာနဲ့လာရတာ လုဟွားလဲ အားနာလို့ပါ"" လုဟွားတော့ ခက်ပြီ ... "
" မခက်ပါဘူးဆရာရယ် ...
ဆရာစားလိုက်ရင် လွယ်လွယ်လေး ဖြစ်သွားမှာ "" ကဲ ... ဝယ်လာပြီးမှတော့လဲ အတင်း အိမ်ပြန်ထိုးပေးရင် မကောင်းဖြစ်တော့မယ် ... ကျွန်တော် သေချာလေး စားပါ့မယ် "
" ဒီလိုမှပေါ့ ဆရာရဲ့ "
လုဟွားက ပြုံးပြုံးရွင်ရွင်လေး ဖြစ်သွားတယ် ။
YOU ARE READING
Dare you marry me ? (complete)