38

5.5K 756 133
                                    

​" အဲ့​လောက်ဘဲ လုပ်​ပြီး နားတော့​လေ ချီယွင် "

" မရဘူး ... ဒီတစ်​ခေါက် ကိုယ့်ဘက်က နစ်နာထားတယ် ... ဘယ်ကမှန်း မသိတဲ့ အတိုက်အခိုက်​ကြောင့် ​လှေတစ်စီးလုံး ဆုံးရှုံးသွားတယ် "

ရှန်း သက်ပြင်းချလိုက်တယ် ။

​နောက်ပိုင်း ချီယွင် အလုပ်​တွေက အမြဲ အ​နှောက်အယှက် ဖြစ်​နေ​တယ် ။ ပျက်စီးရင် ပျက်စီး မပျက်စီးရင် အဖမ်းခံ​နေရတာချည်း ... ။

" မူးယစ်​​ဆေးကို မလုပ်ပါနဲ့​တော့လား ... မင်းလဲ ဥပ​ဒေဘွဲ့ရ ပညာတတ် ဘဲ​လေ ... မင်း တတ်တဲ့ ပညာနဲ့ ပိုက်ဆံရှာ နိုင်​နေသားဘဲ ... "

ချီယွင်က ရှန်းကို ကြည့်လာတယ် ။

" ကိုယ် ဥပ​ဒေ သင်ထားတာ လိုက်နာဖို့ မဟုတ်ဘူး လက်တစ်လုံးခြားလုပ်တတ်ဖို့ သင်ထားတာ ... "

" ... "

" ဒီမှာ ရှန်း ... လူတိုင်းမှာ သူ့ သမိုင်းနဲ့သူ ပါလာပြီးသား ... ကိုယ်က လျှိုမိသားစုမှာ ​မွေးလာတဲ့အတွက် အဲ့တာ​တွေကို လုပ်ကို လုပ်ရမှာ .. "

ရှန်းက ​ခေါင်းငုံ့သွားတယ် ။

" သမိုင်းဆိုတာ ပါလာတာ မဟုတ်ပါဘူး ချီယွင်ရာ ... မင်း ကိုယ်တိုင် ​ရေးရတာပါ ... ထပ်ပြီး မင်း
အ​ဖေရဲ့ စကား​တွေနဲ့ မနစ်မွန်းပါနဲ့​တော့လား "

ချီယွင် မျက်နှာက တင်းမာသွားတယ် ။

" သွားအိပ်​တော့ ရှန်း ... ကိုယ် အလုပ်များတယ်
ထပ်ပြီး ​ပြောလဲ ကိုယ်တို့ကြား စကား​ကောင်း ရှိမလာနိုင်ဘူး "

" ချီယွင် "

" ကိုယ် နှစ်ခါ မ​ပြောချင်ဘူး "

ရှန်း စိတ်​လျော့လိုက်တယ် ။

​ခေါင်းမာတဲ့သူ့ကို အထပ်ထပ် ​ဖျောင်းဖျလဲ မရခဲ့...။

​အချိန်​တွေ လွန်မှ မင်းတစ်​ယောက် နောင်တ​တွေနဲ့ ရှင်သန်ရမှာကို ငါ စိုးရိမ်​နေမိတယ် ချီယွင် ... ။

ငါ စိုးရိမ်​နေမိတယ် ...။

__________
_________♡

" ချစ််တယ် ကျန့်​ကော "

နမ်းပြီး ချင်းချင်း ​ပြောလာတဲ့စကား ... ​

ရှောင်ကျန့် အင်္ကျီကို ကျစ်ကျစ် ကိုင်ဆွဲထားတဲ့ ရိ​ပေါ်က အခုထိ ​မောဟိုက်​နေ​သေးတယ် ။

Dare you marry me ? (complete)Where stories live. Discover now