အခန်း။(၁) အခန်း။(၁)

3.1K 336 12
                                    

I Became the Younger Sister of a Regretful obsessive Male Lead
ကိုဘာသာပြန်ဆိုထားခြင်းဖြစ်ပါသည်။

Unicode

*Warning*

အဂျစ်တို့ရေ...ငါလေးကွေးဆိုတာကိုမြင်ပြီးတာနဲ့ BL listတွေထဲမထည့်ကျပါနဲ့လို့!😩
Coverကိုသေချာကြည့် ခေါင်းစဥ်ကိုအဆုံးထိသေချာဖတ်ကျစမ်းပါဟ😫

အမလေး..ငါသွေးတက်😣

(1).ငါက စိတ်ကူးယဉ် အချစ်ဇာတ်လမ်းဝတၳုတစ်ပုဒ်မှာ အပိုဇာတ်ကောင်နေရာကို ပိုင်ဆိုင်ထားတာလား?

ငါရဲ့ဘဝကို အဓိကအရာသုံးခုနဲ့နေ့စဉ်ဖြတ်သန်းတယ်။တတိယမြောက်အရာကတော့ ငါဟာ web novels တွေနဲ့webtoonတွေဖတ်ရတာကို နှစ်သက်တယ်။အဲ့လိုဖတ်ရတာက အဝေးကိုပြေးထွက်သွားလိုက်တာနဲ့တူတယ်။

တကယ့်အစစ်အမှန် လူမှုဘဝမှာ နေထိုင်ရတာက ငါ့ကိုပင်ပန်းစေပြီး ငါ့စိတ်တွေကိုအဝေးကိုလွှတ်ထုတ်ခြင်းနဲ့ငါ့ကိုယ်ငါ လူအဖွဲ့အစည်းဆိုတဲ့ ဘောင်ကနေ သော့ခတ်ထားလိုက်ခြင်းကသာအကောင်းဆုံးပဲ ဖြစ်တယ်။

တစ်နေ့မှာတော့ ငါ့မျက်လုံးတွေဖွင့်လိုက်တဲ့အချိန် ချစ်စရာကောင်းတဲ့ဂါဝန်လေးကို ဝတ်ဆင်ထားတဲ့ ကလေးမလေးတစ်ယောက်အဖြစ် ငါ့ကိုယ်ငါ ပြန်တွေ့လိုက်ရတယ်။

ကမ္ဘာကြီးအသစ်တစ်ခုနဲ့ ရင်ဆိုင်လိုက်ရတဲ့အချိန်မှာ ငါ့ရဲ့စိတ်တွေဟာ တစ်ဖြည်းဖြည်းနဲ့အရောင်မှိန်သွားတော့တယ်။

ဒါကို သူတို့ရဲ့အခေါ်ကတော့ ဝိဉာဉ်ကူးပြောင်းလာတယ် ဆိုလား!...

အဲ့တာက အိပ်မက်တစ်ခုမဟုတ်ဘူးဆိုရင်တောင် ဘာမှတွေးတောမနေတော့ဘဲ ငါ့ဘဝကိုပျော်မွေ့ခဲ့တယ်။

ဒါ့အပြင် ငါကူးပြောင်းလာတဲ့ခန္ဓာကိုယ်ပိုင်ရှင်ရဲ့ မိဘ​​ေတွဆီကနေ ချစ်ခြင်းမေတ္တာတွေ ငါအပြည့်ရတယ်။

အဲ့ဒီချစ်ခြင်းမေတ္တာတွေက ငါ့အတွက်ရည်ရွယ်တာမဟုတ်ဘူးဆိုရင်တောင်မှ ငါစိတ်ပျက်သွားမှာ မဟုတ်ဘူး။

ဒီအခြေအနေကနေ ဆက်လက်ရှင်သန်ဖို့ငါ ကြိုးစားနေတဲ့အချိန်မှာပဲ ရုတ်တရက်ကြီး သတင်းတစ်ခု ရခဲ့တယ်။

ငါလေးေကွးနေတဲ့ဇာတ်လိုက်ကိုဖြောင့်အောင်လုပ်မိသွားပြီ(ဘာသာပြန်)Where stories live. Discover now