I Became the Younger Sister of a Regretful obsessive Male Lead
ကိုဘာသာပြန်ဆိုထားခြင်းဖြစ်ပါသည်။Unicode
"ရေချယ်.."
အို့..အဲ့အသံက..အရမ်းကိုဝမ်းနည်းနေတဲ့အသံပဲ။သူအဲ့လို နူးနူးညံ့ညံ့နဲ့စကားပြောလိုက်တော့ ငါဒေါသထွက်နေတာတောင်မေ့သွားရော။ခဏလောက်စိတ်ပူနေပေမဲ့ ငါ့နှုတ်ခမ်းကိုကိုက်ပြီး ခေါင်းခါလိုက်တယ်။
ငါဘယ်လောက်ပဲ သူ့ကိုကြိုက်နေပါစေဦး။သူ့ဆီကိုတော့ မသွားနိုင်ဘူး။
ငါ အခုရပ်နေတဲ့နေရာကနေရွှေ့ပြီး အဝေးကိုသွားလိုက်တယ်။မြန်မြန်လျှောက်နေတာတောင်မှ ငါ့ခြေထောက်ထက်ပိုရှည်ပြီး ခြေလှမ်းပိုကျယ်တဲ့သူ့ဆီကနေ ငါမလွတ်နိုင်ဘူး။
"ရေချယ်..ကျေးဇူးပြုပြီး.."
သူကငါ့ကိုလှမ်းဖမ်းလိုက်ပြီး ငါ့ပုခုံးကိုဆွဲလှည့်လိုက်တယ်။သူကငါ့ကို တင်းကျပ်စွာနဲ့ကိုင်ထားပြီးနောက် မျက်ရည်များကျလာခဲ့တယ်။
"ကိုကို.."
နောက်ဆုံးတော့ သူ့ကိုငါခေါ်လိုက်တယ်။ဒီလိုဖြစ်မယ်ဆိုတာ ငါသိတယ်။သူ့ကိုငါကြည့်လိုက်တိုင်း ရူးမတက်ခံစားနေရလိမ့်မယ်လို့
မထင်ထားမိခဲ့ဘူး။ကြယ်တွေကင်းမဲ့ပြီး ကြည်လင်နေတဲ့ ညအမှောင်ကောင်းကင်ယံလို သူ့ရဲ့ဆံပင်တွေက လေထဲမှာပျံ့လွင့်နေတယ်။
ကတ္တရာစေးလို နက်မှောင်နေတဲ့သူ့ရဲ့ဆံပင်အောက်မှာ အရည်ပျော်နေတဲ့ရွှေတွေကိုသွန်းလောင်းထားသလိုမျိုး ရွှေရောင်တောက်တောက်မျက်လုံးတွေကို ငါမြင်လိုက်ရတယ်။
ရေလိုကြည်တောက်နေတဲ့သူ့ရဲ့မျက်လုံးတွေနဲ့စုံတော့ တစ်ခြား ဘယ်နေရာကိုမှ ငါအကြည့်မလွှဲနိုင်ခဲ့ဘူး။
ဖြူလျော်ပြီး နွမ်းလျနေတဲ့ငါ့ပုံစံကိုသူသတိထားမိတော့ သူ့ရဲ့နှုတ်ခမ်းတွေကို ဂရုတစ်စိုက်နဲ့ဖွင့်ဟလိုက်တယ်။
"အဲ့တာ..ကိုယ့်အမှားပါ..ကိုယ့်ကိုခွင့်လွှတ်ပေးပါကွာ.."
မဟုတ်ဘူး,အဲ့တာက ဘာလို့ရှင့်အမှားဖြစ်ရမှာလဲ?..
ESTÁS LEYENDO
ငါလေးေကွးနေတဲ့ဇာတ်လိုက်ကိုဖြောင့်အောင်လုပ်မိသွားပြီ(ဘာသာပြန်)
RomanceLanguage Korean Author(s) Purple Lemon Artist(s) N/A Year 2020 Status in COO 108 Chapters (Ongoing) Licensed No Completely Translated No Original Publisher Delphiniue Kakaopage English Publisher N/A