အခန်း။ (၂) အခန်း။ (၂)

2.4K 302 8
                                    

T/N ကြိုပြောပါမယ်။ တို့ကမြို့စားမင်းရဲ့Anti fanပါနော်။သူ့ရဲ့အကြောင်းကိုသိလည်း မြို့စားမင်းကိုမကြိုက်ပါဘူး။ဒီအခန်းမှာပါတဲ့ မြို့စားမင်းအကြောင်းကိုဖတ်ပြီး သနားတဲ့သူရှိကောင်းရှိလိမ့်မယ်။ကိုယ်ကတော့ မသနားနိုင်ပါ🙂 ။ကိုယ်ကLucianရဲ့Big Fanမို့။မြို့စားမင်းကိုအန်တီမှာပါနော်😆။

Ps.သဘောထားကွဲလွဲမှုများရှိနိုင်သည်။

~±~±~±~±~±~±~±~±~±~±~±~±~±~±~±~±

Unicode

"သခင်လေး,မင်း..အားလုံးပြီးမှ..အပြင်ကိုထွက်ခဲ့ပါလား.."

မြို့စားမင်းရဲ့လက်ထောက်ပြောတာကိုကြားတော့ ကောင်လေးကိုငါ မျက်လုံးပြူးပြီး ကြည့်လိုက်တယ်။ ဒါပေမဲ့ ဒီလှပတဲ့ကလေးက သူနဲ့ဝေးရာကိုအလွယ်တကူမကြည့်နိုင်တော့သည်အထိ သူ့ရဲ့အပြုအမူတွေက ငါ့ကိုစွဲထင်သွားစေတယ်။

သူ့ရဲ့အနက်ရောင်ဆံပင်နဲ့ ရွှေရောင်တောက်တောက်မျက်လုံးတွေက ငါ့ရဲ့စိတ်ထဲမှာ လောင်ကျွမ်းတော့မတက် တောက်ပလို့နေတယ်။

"လူစီယန်.."

မြို့စားမင်းက ငါ့ကိုခေါ်တဲ့လေသံနဲ့ခြားနားစွာ ကောင်လေးကို ကြောက်စရာကောင်းပြီးအေးစက်တဲ့လေသံနဲ့ခေါ်လိုက်တယ်။ ဒီပြင်းထန်တဲ့လေထုဖိအားကိုငါရှုရှိုက်နိုင်ဖို့ အနိုင်နိုင်ကြိုးစားနေရတယ်။

"ဟုတ်ကဲ့,..အဖေ.."

"မင်းဘာလို့..အပြင်ကိုထွက်လာတာလဲ?.."

ကောင်လေးက သူ့ရဲ့ခေါင်းကိုမြှောက်ပြီး ဦးညွှတ်ပြီးတာနဲ့ ချက်ချင်းပြန်ဖြေတယ်။

သူကငါ့ကိုစိုက်ကြည့်နေပြီး ငါ့ရဲ့အဖေအသစ်ဖြစ်တဲ့မြို့စားမင်းကတော့ဘာမှမတုံ့ပြန်ပေ။

"ကျွန်တော့်ရဲ့ညီမလေး..ရောက်လာတယ်လို့..ကျွန်တော်ကြားတယ်.."

"...ဟမ့်.."

ကောင်လေးရဲ့စကားကို တုံ့ပြန်နဲ့အနေနဲ့ မြို့စားမင်းက ဒီအခြေအနေကိုသဘောကျလားလို့ ကောင်လေးကို မေးခဲ့တယ်။

"မင်းလည်းမင်းကြိုက်တာကိုလုပ်ပြီးပြီ..ဆိုမှတော့..ဟုတ်ပြီ..ငါလည်းမင်းကို..ဒီလောက်ထိစောင့်ပြီးပြီးဆိုတော့..မင်းကိုငါမိတ်ဆက်ပေးမယ်.."

ငါလေးေကွးနေတဲ့ဇာတ်လိုက်ကိုဖြောင့်အောင်လုပ်မိသွားပြီ(ဘာသာပြန်)Donde viven las historias. Descúbrelo ahora